
စီချွမ်း ဇူလိုင် ၁၈
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်ဖြစ်သည့် စီချွမ်းပြည်နယ် ရှိ ကျိခေါင်မြို့တွင် ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဇူလိုင် ၁၈ ရက် နံနက် ၃ နာရီဝန်းကျင်အထိ သေဆုံးသူ ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံမီးသတ်နှင့်ကယ်ဆယ်ရေး ဌာန၏ ပြောကြားချက်အရ သိရ သည်။
အထပ် ၁၄ ထပ် မြင့်သည့် အဆောက်အအုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆောက် အအုံအတွင်းမှ မီးခိုးမဲကြီးများ လှိမ့်တက်လာသည်ကို ဗီဒီယို မှတ်တမ်းတွင် တွေ့မြင်ရသည်။ ခေါင်မိုးပေါ်မှနေ၍ အကူအညီ တောင်းနေသည့် လူများကိုလည်း ဗီဒီယိုတွင် တွေ့မြင်ရသည်။
နှစ်နာရီအကြာတွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းမတိုင်မီအထိ ကယ်ဆယ် ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးမှုများ အရ ဆောက်လုပ်ဆဲဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ စတင်ကာ မီးလောင်ခြင်းဖြစ်သည် ဟု ဒေသခံအာဏာပိုင်များက ပြော သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ