
ပြည် ဇူလိုင် ၁၈
၂၀၂၄-ခုနှစ် ပြည်ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဖလား လေးမြို့နယ် နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၁၆ ရက်က ပြည်မြို့ ခေတ္တရာ ရတနာရွှေပြည်ခရိုင် အားကစား ကွင်း၌ ကျင်းပသည်။
ဦးစွာ ပေါက်ခေါင်းမြို့နယ် အသင်းနှင့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များအသင်းတို့ တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကစားကြ ရာ ပေါက်ခေါင်းမြို့နယ်အသင်း က တတိယရရှိသည်။ ထို့နောက် ဗိုလ်လုပွဲကို ပြည်မြို့နယ်အသင်း နှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရွှေတောင် မြို့နယ်အသင်းက ပြည်မြို့နယ် အသင်းအား သုံးဂိုး - တစ်ဂိုး ဖြင့် အနိုင်ရရှိ ပထမဆုရဗိုလ်စွဲ ခဲ့သည်။
ထို့နောက် ဆုပေးပွဲကျင်းပရာ အကောင်းဆုံးဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြပြီး တတိယဆုရ ပေါက်ခေါင်းမြို့နယ် အသင်းအား ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က လည်း ကောင်း၊ ဒုတိယဆုရ ပြည်မြို့နယ် အသင်းအား ပြည်ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး မြင့်ထွန်းနိုင်က လည်းကောင်း၊ပထမဆုရ ရွှေတောင်မြို့နယ် အသင်းအား ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်ကလည်း ကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပထမဆု ရ ရွှေတောင်မြို့နယ်အသင်းအား တံခွန်စိုက်ဖလားဆု ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)