မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့်နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ၏တုံ့ပြန်ချက်

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့် စပ်လျဉ်း  ၍  ဥရောပသမဂ္ဂနှင့်   နိုင်ငံအချို့ကထုတ်ပြန်သည့်  ပူးတွဲသတင်း ထုတ်ပြန်ချက်ကို     ကုလသမဂ္ဂဆိုင်ရာ    အမေရိကန်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ      နိုင်ငံရေးရာအထူးကိစ္စရပ်များ    တာဝန်ခံ သံအမတ် Mr. Robert Wood က  ၁၅-၇-၂၀၂၄ ရက်တွင် နယူးယောက် မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲကျင်းပသည့်နေရာ ၌ ဖတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။
အဆိုပါပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက် ၍ တစ်ဖက်သတ်စွပ်စွဲချက်များ၊ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသော ဖော်ပြချက်များ ပါရှိသည်။ မြန်မာအစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်သည့် ပြည်သူလူထုထံ ခွဲခြားမှု  မရှိဘဲ အကူအညီများရောက်ရှိရေး အစဉ်တစိုက် အလေးထားလျက် ကုလသမဂ္ဂနှင့်လည်းကောင်း၊     မြန်မာနိုင်ငံအပေါ်   စစ်မှန်သည့်  စိတ်ထားဖြင့်  အကူအညီပေးလိုသည့် နိုင်ငံများနှင့်လည်းကောင်း၊ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာအစိုးရသည်  လူသားချင်းစာနာမှု အကူအညီလိုအပ်သူများအတွက် အကူအညီများ ကို အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး   ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating  Centre  for  Humanitarian  Assistance  on Disaster  Management - AHA Centre) မှ  တစ်ဆင့် ရယူလျက်ရှိသည်။
မြန်မာအစိုးရက ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ပြည်တွင်းခရီးသွားလာခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေခွင့်တို့ကို လုံခြုံရေးအခြေအနေ အပေါ်မူတည်၍  အတတ်နိုင်ဆုံး   ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိ သည်။   မြန်မာအစိုးရအနေဖြင့်    အများပြည်သူ၏    အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန်  လိုအပ်သည့်လုံခြုံရေးဆိုင်ရာ  တုံ့ပြန် ဆောင်ရွက်မှုများကို       အတတ်နိုင်ဆုံး    ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။  မြန်မာနိုင်ငံ၌   အကြမ်းဖက်အဖွဲ့အစည်းများ၏    လူမဆန် သော တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ အပြစ်မဲ့ပြည်သူပေါင်း ၇၈၈၀ ဦးကျော်   အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အဆိုပါ ပူးတွဲ သတင်းထုတ်ပြန်ချက်သည်    ယင်းအကြမ်းဖက်မှုလုပ်ရပ်များကို  မျက်ကွယ်ပြုထားသည်ကို တွေ့ရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင်  မြန်မာနိုင်ငံအပေါ်    နိုင်ငံရေးသွတ်သွင်းမှုများစွာ  ပါဝင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ ၏ အခြေခံမူဝါဒရပ်တည်ချက်များနှင့်အညီသာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်အချက်အလက်များကို    ထင်ဟပ်ဖော်ပြခြင်းမရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များနှင့်   သတင်းမှားများကို   အခြေခံပြီး၊ နိုင်ငံရေးသဘောသက်ရောက်စေသည့် ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်