
နေပြည်တော် ဇူလိုင် ၁၉
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက် ဂါရဝပြုသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးမောင်မောင်အုန်း၊ ဦးမြင့်နောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ အာဇာနည်ခေါင်းဆောင်ကြီး များ၏ မိသားစုဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
ရင်းရင်းနှီးနှီး
တွေ့ဆုံနှုတ်ဆက်
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အဖွဲ့ဝင်များနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ပြည်ထောင်စုတရားသူကြီး ချုပ် ဦးသာဌေး၊ (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ ရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ ပန်းခွေချ၍ အလေးပြုကြသည်။
မေတ္တာပို့သအမျှပေးဝေ
ယင်းအချိန်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကိုဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက် ၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ် ၍ လည်းကောင်း အလေးပြုကြပြီး ၂ မိနစ် ငြိမ်သက်စွာ မေတ္တာပို့သ အမျှပေးဝေကြသည်။
ယင်းနောက် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစု ဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချဂါရဝပြုကြပြီး မေတ္တာ ပို့သအမျှပေးဝေကြသည်။
လွမ်းသူ့ပန်းခွေချ
အလေးပြု
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ မှတ်ပုံတင် ခွင့်ပြုထားသည့် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီး အကဲများနှင့် သံရုံးယာယီတာဝန်ခံ များ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံးများမှ ဌာနေ ကိုယ်စားလှယ်များသည် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်း အမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်း၊ မြန်မာနိုင်ငံ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၊ ခရစ်ယာန် ကလျာဏယုဝအသင်း (YMCA)၊ ရှင်သန်ရေးကူညီမှုအသင်း၊ မြန်မာ နိုင်ငံ ဆရာဝန်များအသင်း၊ မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာ နိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေ သူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း၊ မြန်မာနိုင်ငံဟိန္ဒူအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပန်းချီ/ပန်းပု အစည်း အရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တို့အပါအဝင် လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြ သည်။
ယင်းနောက် (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား ကျောင်းသူများ၊ အများပြည်သူ များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ စနစ်တကျ တန်းစီ၍ အာဇာနည်ခေါင်းဆောင် ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
ဥဩဆွဲအချက်ပေး
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားက ဥဩဆွဲအချက်ပေးခဲ့ သည်။
လာရောက်ဂါရဝပြု
ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများ ရုံး)များသို့ အများပြည်သူများက လည်း လာရောက်ဂါရဝပြုလေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်