ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

 

(၁၉-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ       မြို့နယ်အချို့တွင်   ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့်     လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာန၏   အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏   ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့်  ကွင်းဆင်း အဖွဲ့များသည်   ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၈-၇-၂၀၂၄) ရက်နေ့၊ ညနေ(၆:၀၀)နာရီမှ (၁၉-၇-၂၀၂၄)ရက်နေ့၊ ညနေ(၆:၀၀)နာရီအထိ (၂၄)နာရီ  အတွင်း  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ဆေးရုံများတွင်    ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ်  (၅၄)ဦးရှိခဲ့ပြီး   ၎င်းတို့အနက်   (၇)ဦးမှာ   ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ  လူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိ  ကြောင်း တွေ့ရှိရပါသည်။ (၁၉-၇-၂၀၂၄)ရက်နေ့တွင်  ရောဂါ သက်သာပျောက်ကင်းသည့်လူနာ  (၈၄)ဦးအား   ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါ  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင်     ဆောင်ရွက်လျက်ရှိပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန