သထုံမြို့နယ်အတွင်းရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံရသောကြောင့် ခရီးသွားပြည်သူများ သွားလာမှုလွယ်ကူစေရေး အချိန်မီပြန်လည်ပြင်ဆင်

သုဝဏ္ဏဝတီမြို့   ဇူလိုင်    ၁၉
မွန်ပြည်နယ်    သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး   မိုးကောင်း ကျေးရွာအုပ်စု  ကရင်လေးဆိပ် ကျေးရွာအထွက်      ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမ ပေါ်မှ တံတားတစ်စင်းကို ဇူလိုင် ၁၇ ရက်   နံနက်ပိုင်းက KNLA အဖွဲ့မှ   အကြမ်းဖက်မှု  လိုလား သူများနှင့် PDF အမည်ခံ အကြမ်း ဖက်သမားများက မိုင်းခွဲဖျက်ဆီး လိုက်သောကြောင့်   ပြည်သူများ ခရီးသွားလာမှု    ခေတ္တရပ်တန့် သွားသော်လည်း  သက်ဆိုင်ရာက ခရီးသွား    မော်တော်ယာဉ်များ ဖြတ်သန်း   သွားလာနိုင်အောင် ဆောင်ရွက်ပေးခဲ့သဖြင့် ယင်းနေ့ မွန်းလွဲပိုင်းကပင် တစ်ဖက်ပိတ် တစ်ဖက်ဖွင့်စနစ်ဖြင့်  သွားလာ နိုင်နေပြီဖြစ်ကြောင်း သိရသည်။
ဖျက်ဆီးခြင်း     ခံရသော တံတားမှာ   အကျယ်  ပေ ၄၀၊ အလျား  ၁၀ ပေ ရှိသော တံတား တစ်စင်းဖြစ်ပြီး   သက်ဆိုင်ရာ တာဝန်ရှိသူများက    တံတား တစ်ခြမ်းကို   ကျောက်၊   မြေဖို့၊ နင်းကြမ်းခင်း၍   တစ်ဖက်ပိတ်၊ တစ်ဖက်ဖွင့်စနစ်ဖြင့်  ကားများ စတင်သွားလာနိုင်နေပြီး   ဇူလိုင် ၁၉  ရက်တွင်  တံတားတစ်ခြမ်း ကို      အောက်ခြေရေပိုက်လိုင်း ထည့်ကာ  ကျောက်၊   ကတ္တရာ  ဖြည့်ပြီး လမ်းခင်းနေကြောင်းနှင့်  တံတားတစ်စင်းလုံး  ဖြတ်သန်း သွားလာအသုံးပြု၍  ရရှိအောင် အမြန်ဆုံးဆောင်ရွက်နေကြောင်း ရွှေသံလွင်ကုမ္ပဏီ   တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကုန်စည်စီးဆင်းမှုနှင့်  ခရီး သွားလာမှု ရပ်တန့်သွားခြင်းမရှိ အောင်  သက်ဆိုင်ရာက အချိန်မီ ပြင်ဆင်၍    ကုန်စည်စီးဆင်းမှု မပြတ်အောင်၊  ခရီးသွားပြည်သူ များ   သွားလာနိုင်အောင်   စီမံ ဆောင်ရွက်နေခြင်းကြောင့်  ယခု အခါ ခရီးသွားမော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေပြီ    ဖြစ် ကြောင်း သိရသည်။      ခွန်(ဝင်းပ)