မကွေး၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များ၊ ကျောင်းများအား ဂုဏ်ပြုချီးမြှင့်

မကွေး      ဇူလိုင်    ၂၀
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများ နှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး ရရှိသည့် မြို့နယ်များ၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲက မကွေးမြို့   မြို့တော်ခန်းမ၌  ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တက္ကသိုလ်ဝင်တန်း အောင်မြင်သောသူများအနေဖြင့် ၂၀၂၅   ခုနှစ်    တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း မကွေးတိုင်းဒေသကြီးအနေဖြင့် တစ်နိုင်ငံလုံးတွင်   အောင်ချက်အကောင်းဆုံး၊   ပထမအဆင့်   ပြန်လည် ရရှိရေးအတွက်  တက်ရောက်လာသည့်   တာဝန်ရှိသူ များ အားလုံးက   စည်းလုံးညီညာစွာ  အတူလက်တွဲ ပြီး ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဒေါက်တာကျော်စိုးနိုင်က  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆောင်ရွက်ခဲ့မှု များနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီး    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် “Top Ten” ဆုရရှိသူ နှစ်ဦး၊ အောင်ချက် အကောင်း ဆုံး  မြို့နယ်သုံးမြို့နယ်၊ အောင်ချက်အကောင်းဆုံး ကျောင်းသုံးကျောင်းနှင့်   ဂုဏ်ထူးရ  ကျောင်းသား ကျောင်းသူများကို  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက်   တက္ကသိုလ်ဝင်စာမေးပွဲ  အကြို ဆန်းစစ်လွှာ မေးခွန်းပြုစုပေးခဲ့သည့် ဆရာ ဆရာမ များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။                 မောင်ညီညာ