ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မန္တလေးမြို့နှင့်အနီးဝန်းကျင်ရှိ ဘုရား ၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ

 

မန္တလေး   ဇူလိုင်   ၂၀
ဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့သည်        ဗုဒ္ဓဘာသာဝင်တို့ ၏  အထွတ်အမြတ်ထားသည့် နေ့တစ်နေ့   ဖြစ်သည့်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊  ပုထိုးများ၌  ဘုရားဖူးမြော် ကြည်ညိုခြင်း၊ တရားဘာဝနာပွား များ  အားထုတ်ခြင်း၊   ရပ်ကွက်၊ လမ်းများရှိ   ဓမ္မာရုံများ၌   ဓမ္မ စကြာတရားတော်များကို ရွတ်ဖတ် ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆို ပန်းများ    ကပ်လှူပူဇော်ခြင်းတို့ ဖြင့် စည်ကားလျက်ရှိသည်။
အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ      ဘုရား၊ စေတီ၊ ပုထိုးများ၊  ဘုန်းတော်ကြီး ကျောင်းများ၌   ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့   ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊   ဝါဆိုပန်း၊   ဝါဆို သင်္ကန်းဆက်ကပ်  လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတ ဒါနဘေးမဲ့လွတ်ခြင်း စသည့်ကုသိုလ် ကောင်းမှုပြုသူများဖြင့်  စည်ကား လျက်ရှိသည်ကို တွေ့မြင်ရသည်။
ထို့ပြင်  မြို့၊ ရွာ၊ ရပ်ကွက်ရှိ ဓမ္မာရုံများတွင်     ဝါဆိုသင်္ကန်း၊ ဆွမ်း၊     ခဲဖွယ်ဘောဇဉ်များကို သံဃာတော်များထံ   ဆက်ကပ် လှူဒါန်းကြခြင်း၊ သံဃာတော်များ က သီလပေးတရားတော်များနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော် များ ဟောကြားချီးမြှင့်ခြင်းစသည့် တရားဓမ္မသံများဖြင့်လည်း ထုံမွမ်း လျက်ရှိသည်။
ယနေ့တွင်     မန္တလေးမြို့၏ အထင်ကရဖြစ်သော    မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသို့   ဒေသခံ ပြည်သူများသာမက အနယ်နယ် အရပ်ရပ်မှ  ရဟန်းရှင်လူပြည်သူ အပေါင်းတို့       လာရောက်၍ ရွှေသင်္ကန်းကပ်လှူခြင်း၊  ဆွမ်း၊ ရေချမ်း၊ ပန်း ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း များအပြင်   ဥပုသ်သီတင်း  သီလ ဆောက်တည်၍  တရားဘာဝနာ အားထုတ်ခြင်းနှင့်  ဘာသာရေး၊ လူမှုရေး ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို  အဖွဲ့ လိုက်၊ မိသားစုလိုက် ရွတ်ဖတ်၍ ကုသိုလ်ကောင်းမှုပြုကြသည်။
အလားတူ     အရှေ့ပြင်လုံး ဆိုင်ရာ     မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၊ စန္ဒာ မုနိဘုရား၊  ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေး တောင်တော်၊  ရွှေကျီးမြင်ဘုရား၊ စွယ်တော်မြတ်စေတီတော်၊ ဝေရော စနကျောက်စိမ်းစေတီတော်  အပါ အဝင်   ဘုရား၊   စေတီများတွင် လာရောက်       ဖူးမြော်ကြသည့် ဘုရားဖူးလာ   ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး  စေတနာရှင် အလှူရှင်များက   စတုဒိသာများ ကျွေးမွေးလှူဒါန်း ဒါနပြုကြသည်။
ထို့အတူ        မန္တလေးမြို့၏ အထင်ကရနေရာများ  ဖြစ်သော ကမ်းနားလမ်းရှိ မြို့တော် ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊   ကျုံး အရှေ့ဘက်ခြမ်းရှိ         ရတနာပုံ ဥယျာဉ်၊ အမရပူရမြို့နယ်ရှိ ဦးပိန် တံတားတို့တွင်လည်း  အနယ်နယ် အရပ်ရပ်မှ  လာရောက်အပန်းဖြေ အနားယူကြသူများဖြင့်  စည်ကား လျက်ရှိကြောင်း သိရသည်။
မောင်အေးချမ်း