စဉ့်ကိုင်မြို့နယ်၌ ဝါဆိုလပြည့်‌နေ့တွင် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

စဉ့်ကိုင်   ဇူလိုင်    ၂၀
မြန်မာသက္ကရာဇ် ၁၃၈၆  ခုနှစ် ဝါဆိုလပြည့်နေ့   (ဓမ္မစကြာအခါ တော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့ ၏    ထူးခြားသော   နေ့ဖြစ်၍  မြတ်စွာဘုရားရှင်မြတ်၏ ထူးခြား‌ သော ဖြစ်စဉ်တို့ကို အာရုံပြုလျက် အနယ်နယ် အရပ်ရပ်၌ တန်ခိုးကြီး ဘုရားများတွင် ဘုရားဖူးပြည်သူ များဖြင့်       စည်ကားလျက်ရှိရာ မန္တ‌လေးတိုင်း‌ဒေသကြီး စဉ့်ကိုင် မြို့နယ်အတွင်းရှိ    တန်ခိုးကြီး ဘုရားများဖြစ်သည့်     ရတနာ လာဘမုနိဆုတောင်းပြည့်   မြွေ ဘုရားနှင့်   ပေါ်တော်မူမြတ်စွာ ဘုရားတို့တွင် ဝါဆိုလပြည့်  (ဓမ္မ စကြာအခါတော်နေ့) နံနက်ပိုင်းက  ဘုရားဖူးပြည်သူများ၊ ကုသိုလ်ဒါန ပြုကြသူများဖြင့် အထူးစည်ကား သိုက်မြိုက်လျက်ရှိသည်။
ဝါဆိုလပြည့်‌ (ဓမ္မစကြာအခါ တော်နေ့)သည် အများပြည်သူများ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည့်အတွက်    ရပ်နီးရပ်ဝေး မှ    ဘုရားဖူးပြည်သူများသည် စဉ့်ကိုင်မြို့နယ်အတွင်းရှိ တန်ခိုး ကြီးဘုရားများဖြစ်သော  ရတနာ လာဘမုနိဆုတောင်းပြည့်    မြွေ ဘုရား၊ ပေါ်တော်မူမြတ်စွာဘုရား၊ အဓိဋ္ဌာန်အောင် ကံကြီးမ မြတ်စွာ ဘုရားများတွင် မိမိတို့၏ မိသားစု စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ ကို အဓိဋ္ဌာန်ပြု၍ ဆုတောင်းခြင်း များ၊  အဓိဋ္ဌာန်အောင်၍  အောင် ကန်တော့ပွဲ လာရောက်ကန်တော့ သူများ၊ ဘုရားဖူးပြည်သူများအား စတုဒိသာ ကုသိုလ်ပြုသူများဖြင့်အထူးစည်းကားလျက်ရှိကြောင်း သိရသည်။
   ကျော်စွာ(စဉ့်ကိုင်)