
ဆင်ပေါင်ဝဲ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ မြို့နယ်၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်များကို ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့သော အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ညံတောအင်း ကျေးရွာ၊ ရွှေမောင်းစွန်းကျေးရွာ၊ငန်းပြားကျေးရွာ၊ ထူးပေါက် ကျေးရွာ၊ ကျောက်ချက်ကျေးရွာ၊မွှန်းညောင်ပင်သာကျေးရွာ၊ ကန်လှ ကျေးရွာ၊ အလယ်ကန်ကျေးရွာ၊ မကြီးကန်ကျေးရွာ၊ ဒဂုံမှော် ကျေးရွာနှင့် ကျွန်းကျေးရွာတို့ရှိ ရေဘေးသင့် အိမ်ထောင်စုများ အတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ရေဘေးသင့်အိမ်ထောင်စု ၃၉၀၊ လူဦးရေ ၁၃၄၀ အတွက် ဆန် ၅၅ အိတ်၊ ပြည် ၂၀ ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ ရေဘေးသင့် ရပ်ကွက်/ ကျေးရွာများရှိ အုပ်ချုပ် ရေးမှူးများထံ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)