
ညောင်ဦး ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရေဝင်ရပ်ကွက်ရှိ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကြုံနေရသည့် ဒေသခံပြည်သူများအတွက် စားသောက်ရေးအဆင်ပြေစေရန် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန် မြို့ ဝေမျှခြင်းပရဟိတအဖွဲ့ဝင်များက ဆန်နှင့် ကြက်ဥများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန်နှင့်ကြက်ဥထောက်ပံ့ပေးရာတွင် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတအဖွဲ့က စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ညောင်ဦးမြို့ ရေဝင်ရပ်ကွက်ရှိ ရေဘေးကြုံနေရသည့် အိမ်ထောင်စု ၃၃ စုအတွက် စားသောက်ရေးအဆင်ပြေစေရန် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည် နှင့် ကြက်ဥ ၁၀ လုံးစီတို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)