မင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၀
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်   မင်းရွာကျေးရွာအုပ်စု မင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို    ယနေ့ နံနက်ပိုင်းက        ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က     အဆိုပါ       ကျေးရွာရှိ ကံကုန်းကျောင်းတိုက်၌   ကျန်းမာ ရေးစောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ရှစ်ပါးနှင့် ဒေသခံပြည်သူ ၁၂၁ဦး တို့ကို နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊    ခွဲစိတ်ကုသမှုရောဂါ၊ သွားနှင့်   ခံတွင်းရောဂါ၊    ဆီးချို ရောဂါ၊   အရိုးအကြောရောဂါ၊      အဖျားရောဂါ၊  အရေပြားရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်   ပတ်သက်၍     စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို          မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးကာ  အဆိုပါ ကျောင်းတိုက်  ဆရာတော်အား လှူဖွယ်ပစ္စည်းများ    ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်