
နေပြည်တော် ဇူလိုင် ၂၀
နေပြည်တော် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၏ (၁၆)ကြိမ် မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် (၁၅၈)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါစေတီလိုဏ်တော် အတွင်း၌ကျင်းပရာ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည် တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စိုးမိုး၊ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက စေတီတော် ကြီး လိုဏ်တော်အတွင်းရှိ ဗုဒ္ဓ ပဋိမာ ရုပ်ပွားဆင်းတုတော်များ နှင့် စေတီတော်အရှေ့မြောက် ထောင့်ရှိ မဟာဆုတောင်းပြည့် ဘုရားကြီးအား ဝါဆိုရွှေကြာ သင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ် တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန် နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်း တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ဇာနေယျထံမှ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ဥပ္ပါတ သန္တိ စေတီတော်မြတ်ကြီးဂေါပက အဖွဲ့နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည် ကြကာ ဆရာတော်သံဃာတော် များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော် များကို နာယူကြပြီးဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် နေပြည်တော် ပျဉ်းမနားမြို့နယ် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် စာချ နာယကဆရာတော် မဟာဂန္ထ ဝါစကပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကိတ္တိသာရထံမှ ဧည့်ပရိသတ် များက အနုမောဒနာတရား နာယူ ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
အခမ်းအနား အပြီးတွင် နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် နှင့်တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)