တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

တောင်ဥက္ကလာပ   ဇူလိုင်    ၂၀


ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လမ်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၇ နာရီက အမှတ်(၇)ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌       သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်​​ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခြင်ပေါက်ပွားမှု များပြားနိုင်​သည့်အတွက် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ် နိုင်​ရေး၊ ပိုး‌လောက်လမ်းပေါက်ပွားမှုမှ ကာကွယ်နိုင်​ရေး ရေတင်ကျန် နိုင်သော ကားတာယာ‌ဟောင်းများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ ကို   ဖုံး၊ သွန်၊   လဲ၊  စစ်  လုပ်ငန်းများဆောင်ရွက်ပြီး  ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များကို အဘိတ်(abate) ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊    ရေနုတ်မြောင်းများ    ရှင်းလင်းခြင်းလုပ်ငန်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

ခင်ဆွေနှင်း(ပြန်/ဆက်)