စဉ့်ကူးမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်   ဇူလိုင်    ၂၀


PDF အမည်ခံအကြမ်းဖက်သမားများသည်  ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှစ၍ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းသို့    အင်အားအလုံးအရင်းဖြင့်  ဝင်ရောက်၍  စဉ့်ကူးမြို့ဝန်းကျင်ရှိ    လုံခြုံရေးတပ်စခန်း များကို  တိုက်ခိုက်ခြင်း၊    မြို့အတွင်းသို့ဝင်ရောက်ပြီး    မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့်   လုံခြုံရေးဆောင်ရွက်နေ သောနေရာများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။


ထို့နောက်   PDF အမည်ခံ အကြမ်းဖက်သမားများသည် မြို့ နှင့်      အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား   ဖမ်းဆီး သတ်ဖြတ်ခြင်း၊     ဆက်ကြေး ကောက်ခြင်း၊   လူနေအိမ်များနှင့်  အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန်      ဌာနဆိုင်ရာ အဆောက်အဦများအား    မီးရှို့ ဖျက်ဆီးခြင်း၊   မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ   ဒေသခံများ၏ နေအိမ်များသို့    ဖောက်ထွင်း ဝင်ရောက်၍ ပစ္စည်းများယူဆောင် ခြင်း၊    ဖျက်ဆီးခြင်း   စသည့် အကြမ်းဖက်    အဖျက်အမှောင့် လုပ်ရပ်များကို    လုပ်ဆောင်ခဲ့ သည်။


PDF အမည်ခံ အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ် များကြောင့်  စဉ့်ကူးမြို့မှ ဒေသခံ ပြည်သူများနှင့်    ဌာနဆိုင်ရာ ဝန်ထမ်းများသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး   ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ အဖျက်  အမှောင့်လုပ်ရပ်များကို  လက်မခံ နိုင်သော စဉ့်ကူးမြို့နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ    ဒေသခံ ပြည်သူများက ၎င်းတို့၏  ရပ်ရွာ လုံခြုံရေးအတွက် မြို့၊ ရွာ ကာကွယ်  ရေးအဖွဲ့များ       ဖွဲ့စည်းခဲ့ပြီး တပ်မတော်အနေဖြင့်   အကြမ်း ဖက်ချေမှုန်းရေး     စစ်ဆင်ရေး (Counter– Terrorism Opera-tion)  ဆောင်ရွက်ရန်အတွက် လိုအပ်သည့် မြို့၊ ရွာ ကာကွယ် ရေးအဖွဲ့များအပါအဝင် ပြင်ဆင် လေ့ကျင့်ခြင်းနှင့်  လိုအပ်သည့် စုဖွဲ့မှုများကို      ဆောင်ရွက်ခဲ့ သည်။


ထိုကဲ့သို့   စုဖွဲ့ပြင်ဆင်ပြီး နောက်  တပ်မတော်စစ်ကြောင်း များသည်     စဉ့်ကူးမြို့အတွင်း နှင့်   အနီးပတ်ဝန်းကျင်ရှိ   PDF အမည်ခံ  အကြမ်းဖက်သမားများ အား   အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter– Terro-rism Operation) ဆောင်ရွက်ရန် အတွက်    ဇူလိုင် ၁၉ ရက်တွင် စဉ့်ကူးနယ်မြေအတွင်းသို့ ရေလမ်း  ကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ စနစ်တကျ   အဆင့်ဆင့်ခြေကုပ် ယူ၍     လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ   ရယူ ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်သမားများ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး စဉ့်ကူးမြို့အား ယနေ့ တွင် တပ်မတော်စစ်ကြောင်းများ က    ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။  


PDF အမည်ခံ  အကြမ်းဖက် သမားများသည်  စဉ့်ကူးမြို့အတွင်း သို့       ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ   အဆောက် အဦများ၊    စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ   အဆောက်အဦများ၊  လူနေအိမ်များအား အကာအကွယ် ရယူ၍    ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ  သွားလာအသုံးပြု သည့် ဆက်သွယ်ရေးလမ်းကြောင်း များပေါ်၌  မိုင်းထောင်ခြင်းများ၊  ဒေသခံပြည်သူများကို   လူသား တံတိုင်းအဖြစ်  အကာအကွယ် ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများ ကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက  ထုတ်ပြန်ထား သည့်       ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း  (Rules of Engage-ment-ROE) နှင့်အညီ ဆောင်ရွက် ခဲ့ရသည်။


လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူချီတက်တိုက်ခိုက် ချေမှုန်းခဲ့ မှုများကြောင့် အကြမ်းဖက်သမား များသည်     လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ အား   မီးရှို့ဖျက်ဆီးခြင်း၊   မိုင်း ထောင်ဖောက်ခွဲခြင်း    စသည့် အဖျက်အမှောင့်     လုပ်ရပ်များ လုပ်ဆောင်၍    ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စဉ့်ကူးမြို့နှင့် အနီးပတ်ဝန်း ကျင်တစ်ဝိုက်အား  လိုအပ်သည့် လုံခြုံရေးနှင့်   နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း    သတင်း ရရှိသည်။               

 
သတင်းစဉ်