မလက္ကာရေလက်ကြားတွင် ပင်လယ်ဓားပြများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ မြန်မာသင်္ဘောသားက ၎င်း၏အတွေ့အကြုံများကို ပြန်လည်မျှဝေ

 

 

ရန်ကုန်   ဇူလိုင်   ၂၀


မလက္ကာ    ရေလက်ကြားတွင် ပင်လယ်ဓားပြများနှင့်   ရင်ဆိုင် ကြုံတွေ့ခဲ့ရသူ   မြန်မာသင်္ဘော သားဖြစ်သည့် ကိုမျိုးသီဟသန်းက ၎င်း၏     အတွေ့အကြုံများကို ပြန်လည်မျှဝေပြောကြားခဲ့သည်။


၎င်း အလုပ်လုပ်ကိုင်နေသည့် သင်္ဘောပေါ်သို့ ဇူလိုင်   ၁၅   ရက် တွင် ဓားပြများ   တက်လာခြင်း ဖြစ်ကာ     အခင်းဖြစ်ချိန်တွင် အင်ဂျင်ခန်းအတွင်း တစ်ဦးတည်း ရှိနေချိန်လည်း     ဖြစ်ကြောင်း ၎င်းက ဆိုသည်။


“သူတို့ဝင်လာတာက ပထမ တော့ နှစ်ယောက်ပါ။   မနက် ၂ နာရီလောက်ပေါ့။ မျက်နှာဖုံးစွပ် ထားတယ်။ သေနတ်ကိုင်ထားတာ ကို ရုတ်တရက်ကျွန်တော်မတွေ့ လိုက်ဘူး။ ပြီးတော့    သူတို့က တံခါးဝဘက်ကို လှည့်ပြီး   သူတို့ လူတွေကို   ထပ်ခေါ်တယ်။   အဲဒီ အချိန်   ကျွန်တော့်မှာ   စကား ပြောစက် ရှိနေတယ်။ ကျွန်တော် သတင်းလှမ်းပို့ဖို့လုပ်တော့ မျက်နှာ ဖုံးနဲ့တစ်ယောက်က  သေနတ်နဲ့ လှမ်းချိန်ပြီး   စကားပြောစက်ကို ဖယ်ခိုင်းတယ်။ ပြီးတော့ မှောက် ခိုင်းတာ” ဟု ကိုမျိုးသီဟသန်းက ဖြစ်စဉ်ကို ပြန်ပြောပြသည်။
ထို့နောက်  ဓားပြတစ်ဦးက သေနတ်ဖြင့်ချိန်ကာ ကျန်တစ်ဦး က ၎င်း၏လက်ကို   နောက်ပြန် ကြိုးတုပ်နှောင်ခဲ့ကြောင်း   ပြော သည်။
“ပြီးတော့ အပိုပစ္စည်းထားတဲ့ အခန်းကိုခေါ်သွားပြီး အခန်းထဲက ခုံမှာ ဝမ်းလျားမှောက်ခိုင်းတယ်။ ပြီးတော့   ကြိုးကို   တွဲချည်ထားပါ တယ်။ ပြီးတော့ သေနတ်နဲ့ လူက ကျွန်တော့်အနားနေပြီး   ကျန်တဲ့ သူတွေက  ပစ္စည်းတွေအကုန်ယူ ပြီးတော့မှ အဖွဲ့လိုက်အပိုပစ္စည်း အခန်းကနေ  ပြန်ထွက်ကြတယ်။ ကျွန်တော်လည်း ကြိုးကိုရအောင် ဖြုတ်ပြီး  လျှပ်စစ်အခန်းထဲဝင်၊ တံခါတွေလော့လိုက်ချပြီး Bridge ကိုဖုန်းဆက်ပါတယ်” ဟု  ကိုမျိုး သီဟသန်းက ပြောသည်။   ကြိုး ဖြည်နေချိန်မှာ ၁၀ မိနစ်၊ ၁၅ မိနစ် ခန့်ကြာသွားခဲ့ကာ  ဖြစ်စဉ်ကို သင်္ဘောသို့  သတင်းပို့ချိန်တွင်   ဓားပြများမရှိတော့ကြောင်းလည်း ၎င်းက ပြောသည်။


“အဓိကက   တခြားသင်္ဘော သားတွေပဲဖြစ်ဖြစ်၊ နောက်သင်္ဘော လိုက်ဖို့ကြိုးစားနေတဲ့   သူတွေပဲ ဖြစ်ဖြစ်သိအောင်ပါ။ လူ့အသက် ထက်     ဘာမှအရေးမကြီးပါဘူး။ သူတို့ကလည်း သူတို့ကို မခုခံရင်၊ သူတို့လိုချင်တာကိုရရင်   လူကို ဘာမှမလုပ်ပါဘူး။ ကိုယ်ကဉာဏ် လေးနဲ့    သူတို့ပြောတဲ့စကားကို နားလည်နေရင် အန္တရာယ်ကင်းပါ တယ်” ဟု    ၎င်းက    အကြံပြု ပြောကြားသည်။

 

Htet Oo Maung