တိုက်ကြီးမြို့နယ် အဖျောက်မြို့ ပိတုန်းပိတ်ပန်းတာကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

 

ရန်ကုန်    ဇူလိုင်    ၂၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝင်များသည်  ယမန်နေ့ ညနေပိုင်းက   တိုက်ကြီးမြို့နယ်      အဖျောက်မြို့ ပိတုန်းပိတ်ပန်းတာကြံ့ခိုင်မှုနှင့်     ရေဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်း     ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရူစစ်ဆေးကြသည်။
ထောက်ပံ့ငွေများနှင့်စားသောက်ကုန်များပေးအပ်
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိတုန်းပိတ်ပန်းတာကြံ့ခိုင်မှုနှင့်    ရေဘေးကြိုတင် ကာကွယ်ရေးအတွက် တပ်မတော်သားများ၊ မြန်မာ နိုင်ငံ   ရဲတပ်ဖွဲ့ဝင်များ၊     မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများ၏ လုပ်ငန်းဆောင် ရွက်နေမှုများကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အဖွဲ့များအား ထောက်ပံ့ငွေများနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်သည်။
ထို့နောက်     တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် တိုင်းဒေသ ကြီး    ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ    ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ    တာဝန်ရှိသူများက ရှင်းလင်းဆောင်တွင် တာကြံ့ခိုင်မှုအခြေအနေများ၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများအတွက် ရေကင်း စခန်းများ  ဖွင့်လှစ်ထားရှိမှု၊    အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုနှင့်       ရေဘေးကာကွယ်ရေး လုပ်ငန်း   ဆောင်ရွက်နေမှုများကို   ရှင်းလင်းတင်ပြကြ သည်။
အမြဲမပြတ်ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍  တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အနိမ့်ပိုင်းဒေသတွင်နေထိုင်ကြသည့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ မွေးမြူထားရှိသောတိရစ္ဆာန်များအား   ရုတ်တရက် ရေဘေးအန္တရာယ်     ကျရောက်လာပါက    ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေလွတ်ရာနေရာများ သို့ အချိန်မီပြောင်းရွှေ့ခြင်းလုပ်ငန်းများဆောင်ရွက် နိုင်ရန်ဖွဲ့စည်းထားသည့် ခရိုင် / မြို့နယ် / ရပ်ကွက်/ ကျေးရွာအဖွဲ့များက အမြဲမပြတ်ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့်ပညာပေးလုပ်ငန်းများနှင့်အကူအညီများကို အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်း၍ ဆောင်ရွက်ပေးနိုင်ရေးနှင့် တာတမံနိမ့်ကျမှုကြောင့် ရေကျော်ခြင်း၊ သဲဗွက်ထခြင်း၊ တာအိခြင်း၊ ရေပေါက် (ထူးပေါက်)  ပေါက်ခြင်း စသည့်တာတမံထိခိုက်စေနိုင် သည့်အချက်များ တွေ့ရှိပါက ချက်ချင်းသိ၊ ချက်ချင်း အမြန်ဆောင်ရွက်ရန်၊ ကာကွယ်ရေးလုပ်ငန်းစဉ်များကို သတိ၊ ဝီရိယထား၍ စောင့်ကြပ်ကြည့်ရှုရန်၊ ဖွဲ့စည်း ထားရှိသည့်အဖွဲ့များက ရေကင်း၊ လှည့်ကင်းများကို အမြဲမပြတ် လှည့်လည်ကြည့်ရှု စစ်ဆေးနေကြရန်နှင့် အဖွဲ့များအချင်းချင်း ဆက်သွယ်ရေးစနစ်များမပြတ် ရရှိနေရန်လိုအပ်ကြောင်းနှင့်       လုပ်ငန်းစဉ်များ အားလုံးကို ဌာနဆိုင်ရာတာဝန်ရှိသူများက   အထူး အလေးအနက်ထား    လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)