၂၀၂၄ ခုနှစ်၊ ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

 

နေပြည်တော်  ဇူလိုင် ၂၀
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။  အနောက်တောင်မုတ်သုံလေသည်   ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်သည်။
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊  ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၁၀ ရက် ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်  ကယားပြည်နယ်တို့တွင်    လေးရက်မှ ခြောက်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်။
မြစ်ရေအခြေအနေ
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် တစ်ပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူ မြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊  ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် သုံးပေမှ ခြောက်ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင် သည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ခြောက်ပေမှ ရှစ်ပေခန့်နှင့်  မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်  လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်သည်။
ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရံတို့တွင်   တစ်ပေခွဲမှ နှစ်ပေခွဲခန့်၊  စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့ တွင် သုံးပေမှ လေးပေခန့်၊ ရွှေကျင်မြစ်ရေသည်   ရွှေကျင်မြို့တွင် သုံးပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေမှ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ပေခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် သုံးပေခန့်၊ ငဝန်မြစ်ရေသည် ပုသိမ်မြို့ တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် လေးပေ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မြစ်သာမြစ်ရေ သည် ကလေးမြို့တွင် နှစ်ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင်  လေးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်း မြို့တို့တွင်  နှစ်ပေမှ   လေးပေခန့်နှင့်   တိုးမြစ်ရေသည်   မအူပင်မြို့ တွင်   ပေဝက်ခန့်   လက်ရှိရေမှတ်များအောက်   ကျဆင်းလာနိုင် သည်။
မိုး/ဇလ