နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်   ဇူလိုင်   ၂၃
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီး ကော်မတီ  (၁/၂၀၂၄)  အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်    နေပြည်တော်ရှိ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌      ကျင်းပရာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီး ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကား     ပြောကြား သည်။
အစည်းအဝေးသို့    ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင် ဦးလွင်၊   ကော်မတီဝင်   ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အကြံ ပေးပုဂ္ဂိုလ်၊  ဒုတိယဝန်ကြီးများ၊   ဌာန ဆိုင်ရာ   အကြီးအကဲများ၊    ပြည်တွင်း ပညာရှင်များ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ညောင်ဦး ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး   မကွေးတိုင်းဒေသ ကြီးနှင့်     မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့်   တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်     တက်ရောက် ကြသည်။
ဦးစားပေးဆောင်ရွက်
အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး   တင်အောင်စန်းက  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၄ ခုနှစ် မေ ၂၅ ရက်နှင့် ၂၆ ရက်အထိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင်    ရေလှောင်တမံများအား ပြုပြင်ထိန်းသိမ်းမှုများ   ဆောင်ရွက်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက် ရာတွင်    ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ တမံများ၏ ခံနိုင်ရည် စံနှုန်းအရည်အသွေး စစ်ဆေးခြင်းများကို      အဆင့်အလိုက် စနစ်တကျ  ဆောင်ရွက်သွားရန်  လိုအပ် ကြောင်း၊ ရေလှောင်တမံများ၊ ရေလှောင် ကန်များအားလုံး၏     ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာ တစ်လျှောက် လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှုမရှိစေရေး၊   ရေဝင် ရေထွက်ကောင်းမွန်စေရေး အသေးစိတ် လေ့လာဆောင်ရွက်သွားရန်     လိုအပ် ကြောင်း၊ ရေသည် အထက်မှအောက်သို့ သာ စီးဆင်းတတ်သည့် သဘောသဘာဝ ဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်စေရေး အတွက်   ရေဝင်ရောက်သည့်  အနိမ့်ပိုင်း များ၌ ရေဝင်ထွက်မှုကောင်းစေရန် ဦးစား ပေးဆောင်ရွက်ရန်      လိုအပ်ကြောင်း၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင် ရေထွက် ကောင်းမွန်စေရေး အဓိကထား ဆောင်ရွက်ရန်      လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ယဉ်ကျေးမှု    အမွေအနှစ်ဒေသများ တွင် ဖွံ့ဖြိုးမှုလုပ်ငန်များ ဆောင်ရွက်ကြ သည့်အခါ  ယဉ်ကျေးမှုအမွေအနှစ်အပေါ် ထိခိုက်နိုင်မှုဆန်းစစ်ချက်    (Heritage Impact Assessment -HIA) ဆောင်ရွက် ပြီးမှသာ    HIA   အကြံပြုချက်နှင့်အညီ ဆောင်ရွက်ကြရန်      လိုအပ်သည်ကို အလေးထား   ပြောကြားလိုပါကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းတွင် ရေစီးရေလာကောင်းမွန် စေရေးနှင့် ရေကန်များ ပြန်လည်တူးဖော် ရန်တို့ကိုလည်း ဆက်စပ်ဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီးအစိုးရတို့ ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊    ကျောက်စာမှတ်တမ်း အထောက်အထားများကို    အခြေခံပြီး ပုဂံကမ္ဘာ့အမွေအနှစ်   ဒေသတွင်ရှိသည့် ရေကန်များကို ကွင်းဆင်းမှတ်တမ်းစာရင်း ကောက်ယူခဲ့ရာ ရေကန် (၁၀၆) ကန်ကို စာရင်းပြုစုနိုင်ခဲ့သည်ကို    တွေ့ရှိရပါ ကြောင်း၊    အဆိုပါရေကန်များအနက် ပြုပြင်ထိန်းသိမ်းရန်  လိုအပ်သော (၉၁) ကန်အား ရှေးဟောင်းရေစီးလမ်းကြောင်း များတွင်  ပို့ကျနေသည့်   သဲနုန်းအနည် အနှစ်များကို ပြန်လည်ဖယ်ရှားပြုပြင်ပေး မှသာ   ရေစီးရေလာကောင်းမွန်ပြီး ရေထိန်း နိုင်မည်ဖြစ်သည့်အတွက် ကန်ဆယ်ခြင်း၊ ရေလမ်းကြောင်းများ     ပြုပြင်ရေးကို ဆောင်ရွက်ရမည်        ဖြစ်ပါကြောင်း၊ ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေ ရန်    ဌာနမှဝန်ထမ်းများ    ကြီးကြပ်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီးအစိုးရတို့  အကူအညီဖြင့်   ပူးပေါင်း ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း။
ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်
နိုင်ငံတကာ  ပူးပေါင်းဆောင်ရွက်မှု အနေဖြင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက    သဗ္ဗညုဘုရားကြီး    ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းကို  ဆောင်ရွက် လျက်ရှိသကဲ့သို့ အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာန ASI (Archaeological Survey of India) ကလည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်းဖြင့်   ရှေးဟောင်းအဆောက်အအုံပေါင်း ၉၂ ဆူ ပြုပြင်ထိန်းသိမ်းရန်   MoU  ရေးထိုးပြီး ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း။
မိမိတို့၏  ဦးစီးကော်မတီသည်   ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသကြီး၏   ပြုပြင် ထိန်းသိမ်းမှုများကို ကြီးကြပ်တာဝန်ယူရ သည့်အတွက် တန်ဖိုးရှိသည့် ရှေးဟောင်း အမွေအနှစ်များကို သဘာဝဘေးအန္တရာယ် သာမက မသမာသူများ၏ ခိုးယူဖျက်ဆီးမှု ကပါ ကာကွယ်နိုင်စေရန် ပုဂံဒေသတစ်ခု လုံးကို   လွှမ်းခြုံနိုင်သည့်   အချိန်ပြည့် လုံခြုံရေးစောင့်ကြည့်မှုစနစ်၊ CCTV အစီ အမံများလည်း    လာမည့်နှစ်များတွင် ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊   ထို့အတူ   စေတီပုထိုး တစ်ဆူချင်း၏    မှတ်တမ်းမှတ်ရာများ လည်း ပြုစုထိန်းသိမ်းထားမည်ဆိုပါက နောင်တစ်ချိန်ချိန်တွင် ထိခိုက်ပျက်စီးခဲ့ မည်ဆိုပါက ပြန်လည်ပြုပြင်ရန် အထောက် အထားများ   ရရှိမည်ဖြစ်သည့်အတွက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်း။
ဆက်လက်ကူညီဆောင်ရွက်ပေး
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသည် UNESCO ၏  ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ၊      ပြည်တွင်းခရီးသွား ဧည့်သည်များ        ပုဂံဒေသအတွင်း သွားရောက်လည်ပတ်သည့်   အခါတွင် အဆင်ပြေစွာ   သွားလာနိုင်ရေးအတွက် အသုံးပြုသည့်လမ်းများ ကောင်းမွန်စေရန် လိုအပ်သည်ဟု   နိုင်ငံတော်အကြီးအကဲ က လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် ပုဂံမြို့အဝင်နှင့် ဆက်စပ်ကျေးရွာများ၏ လမ်းများ၊  ကျေးရွာချင်းဆက်လမ်းများ၊ ရေကန်ချင်းဆက်လမ်းများ  တစ်ဆင့်ပြီး တစ်ဆင့် အဆင့်မြှင့်တင်ဆောင်ရွက်သွား ရန်       သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များက စဉ်ဆက် မပြတ် အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် ယနေ့အစည်းအဝေး ကို တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် မည့်    အစီအမံများ၊   ဆောင်ရွက်ရန် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ် ပါကြောင်း၊  ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ တွင်ရှိသည့် ရှေးဟောင်းအဆောက်အအုံ များ ပြုပြင်ထိန်းသိမ်းရာတွင် ပုဂံယဉ်ကျေး မှုအမွေအနှစ်ဒေသ၏   စီမံခန့်ခွဲမှုကိစ္စ အဝဝနှင့် လိုအပ်သည့်အကူအညီများကို ဆက်လက်ကူညီဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ   ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်  က   ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊  စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက် ဆဲအခြေအနေများ၊ ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်ပြုပြင်တူးဖော်မှု အခြေအနေများ၊ ပြည်တွင်း/ ပြည်ပ ပညာ ရှင်များဖြင့် ပူးပေါင်းဆောင်ရွက်မှု အခြေ အနေ၊ ရန်ပုံငွေများ စနစ်တကျစီမံခန့်ခွဲမှု နှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ  သုံးစွဲဆောင်ရွက်နေမှုအခြေ အနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက်    ဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊  မကွေးတိုင်း ဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးကိစ္စ ရပ်များနှင့်စပ်လျဉ်း၍   ဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်၍ ဦးစီးကော်မတီအတွင်း ရေးမှူး  ဒုတိယဝန်ကြီး  ဒေါ်နုမြဇံက ယခင် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေမှု    အခြေအနေများကို ရှင်လင်းတင်ပြပြီး     အစည်းအဝေးသို့ တက်ရောက်လာကြသူများက  ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ    ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ရေတို/ရေရှည် စီမံချက်များချမှတ်၍       အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများ ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ဦးစီး ကော်မတီဥက္ကဋ္ဌက   ဖြည့်စွက်ဆွေးနွေး ပြီး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်