နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်    ဇူလိုင်   ၂၃
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟို ကော်မတီ အဋ္ဌမအကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ   သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန   ယဉ်ကျေးမှုရတနာခန်းမ ၌    ကျင်းပရာ     မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်    ကာကွယ်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် အမှာစကားပြောကြားသည်။ (ယာပုံ)
အစည်းအဝေးသို့    ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင် ဦးလွင်၊  ကော်မတီဝင်   ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝင်ပညာရှင်များ၊ အသင်းအဖွဲ့  ကိုယ်စားလှယ်များနှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဓိကဦးစီးဆောင်ရွက်လျက်ရှိ
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြန်မာ တိုင်းရင်းသားတို့၏     ရိုးရာယဉ်ကျေးမှု ဓလေ့အစဉ်အလာများ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်အတွက်    မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များကို  ရေရှည် တည်တံ့အောင်      ဆောင်ရွက်ကြရန်  မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိ ပါကြောင်း၊    မြန်မာနိုင်ငံအတွင်းတွင် ရှိသည့်   ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန က   အဓိက  ဦးစီးဆောင်ရွက်လျက်ရှိပါ ကြောင်း၊   ထိုသို့    ဆောင်ရွက်ရာတွင် ရှေးဟောင်း        ဝတ္ထုပစ္စည်းများနှင့်  ရှေးဟောင်း   အဆောက်အအုံများကို အဆောက်အဦဆိုင်ရာ ကာကွယ်ထိန်းသိမ်း ခြင်းအပြင်     ဥပဒေဖြင့်ပါ      ကာကွယ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင်    သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြုံတွေ့လာရပါက   ကာကွယ်နိုင်ရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်ကိုလည်း သုတေသနလုပ်ငန်းများ၊     မြေပုံများ ရေးဆွဲဆောင်ရွက်လျက်      ရှိပါကြောင်း၊ ထို့ပြင်     ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် ရှေးဟောင်း     အဆောက်အအုံဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး   ဥပဒေများကို လည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၆ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် လှုပ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်  ထိခိုက် ပျက်စီးသွားသည့် ရှေးဟောင်းအဆောက် အအုံများ  ပြုပြင်ထိန်းသိမ်းရာတွင်   ပုဂံ ဒေသရှိ ငလျင်ဒဏ်ခံရသည့် ဘုရားစေတီ ၃၈၉ ဆူအတွင်းမှ ပြုပြင်ရန်ကျန်ရှိသည့် ဘုရားအမှတ် (၁၅၉၇)သဗ္ဗညုဘုရားကို မြန်မာနိုင်ငံနှင့်    တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်များ စီမံခန့်ခွဲ ရေးဌာနတို့အကြား   ငလျင်အလွန်   ပုဂံ ဒေသရှိ   သမိုင်းဝင်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့်       ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ       ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့၏   ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရာတွင် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ များကိုလည်း ရေးဆွဲထုတ်ပြန်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ အများပြည်သူ အသိပညာဗဟု သုတပွားများစေရန်အတွက် အကြောင်း အရာစုံ၊ ကဏ္ဍစုံပြသနိုင်မည့် ပုဂ္ဂလိက ပြတိုက်များ စနစ်တကျပေါ်ထွက်လာစေ ရန်နှင့်  ပြတိုက်ပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်ရန်    လိုအပ်သည့်အတွက် မြန်မာနိုင်ငံပြတိုက်များ   ဥပဒေကြမ်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးဥပဒေ   (မူကြမ်း)     တို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး  ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
အလေးထားကြိုးပမ်း
မိမိတို့မြန်မာနိုင်ငံနှင့်  မြန်မာလူမျိုး တို့၏  ကောင်းမြတ်သည့်  ဂုဏ်ဒြပ်နှင့် အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေ စေရန် ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ   ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေးလုပ်ငန်းများကို ကော်မတီက အလေးထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီအနေဖြင့် ယခင်     သတ္တမအကြိမ်   အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်       ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊  ဆောင်ရွက်ဆဲ လုပ်ငန်းများ၊    ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး၊ သုတေသနပြု ရေးလုပ်ငန်းများကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ပြီး    တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် တက်ရောက် လာကြသည့်      ကော်မတီဝင်များက သက်ဆိုင်ရာ     ကဏ္ဍအသီးသီးမှ     ပိုမို ကောင်းမွန်သည့်   ဆွေးနွေးချက်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက်  ဗဟိုကော်မတီ   ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က    မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း    ဆောင်ရွက်နေမှု၊ ဒြပ်ရှိ/ ဒြပ်မဲ့မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း နိုင်ရေး     ဖော်ထုတ်စာရင်းပြုစုနေမှု၊ ယဉ်ကျေးမှုပြတိုက်များ    အဆင့်မြှင့်တင် ဆောင်ရွက်နေမှု၊  တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ       ထိန်းသိမ်း ကာကွယ်ဆောင်ရွက်ရန်   သဘာဝအမွေ အနှစ်များ သတ်မှတ်ခြင်း ဆောင်ရွက် နေမှု၊ စေတီ၊ ပုထိုးစသည့်  သာသနိက အဆောက်အအုံများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုးများအား Digital နည်းပညာ ဖြင့်  ပြုလုပ်ဆောင်ရွက်နေမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး ဆောင်ရွက်နေမှု များ၊ အမျိုးသားယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို ကာကွယ်စောင့်ရှောက် နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ဗဟိုကော်မတီအတွင်း ရေးမှူး     ဒုတိယဝန်ကြီး   ဒေါ်နုမြဇံက ဗဟိုကော်မတီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့်    ဆောင်ရွက်ဆဲ လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍      အစည်းအဝေးသို့ တက်ရောက်လာကြသူများက  မြန်မာ နိုင်ငံ၏   ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များနှင့် တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းစဉ်လာများ    ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်    စောင့်ရှောက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်   ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်