ပြည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး

ပြည်    ဇူလိုင်   ၂၃
အဆင့်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊  လမ်း စည်းကမ်း  အသိပညာပေးဟောပြောပွဲကို   ယနေ့နံနက် ၁၀နာရီက ကျင်းပရာ ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ အရာရှိများ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက် ထွန်းက အမှာစကားပြောကြားပြီး ပြည်မြို့ အမှတ်(၁၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုရဲမှူး  ဆန်းဌေးက “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ယာဉ်မတော်တဆမှုများဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ဆိုင်ကယ် စီးနင်းသူများ လိုက်နာရမည့်စည်းကမ်းများနှင့် ယာဉ်မောင်းသူများ သတိပြုရမည့်  ဆောင်ရန်/ရှောင်ရန်အချက်များအကြောင်း၊  ယာဉ် အန္တရာယ်  လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win အစီအမံ (၅)ရပ်အကြောင်း၊ လမ်းညွှန်အမှတ်အသား/သင်္ကေတများ၏ အဓိပ္ပာယ် များနှင့်  ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို   ပါဝါပွိုင့်ဖြင့်   ဆွေးနွေး ဟောပြောသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက  သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များကို ဖြန့်ဝေပေးကြောင်း သိရသည်။                                                 

ကိုဆက်(ပြန်/ဆက်)