
နေပြည်တော် ဇူလိုင် ၂၄
အလုပ်သမားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် စစ်တုရင် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
ကြည့်ရှုအားပေး
အဆိုပါ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်ဖွင့်လှစ် ပေးပြီး အမှာစကားပြောကြားရာ တွင် ယခုကဲ့သို့ အားကစားပြိုင်ပွဲ များ ကျင်းပပေးခြင်းသည် ဝန်ထမ်း များ၏ ကာယအားနှင့် ဉာဏအား ကို အကျိုးရှိစွာ အသုံးချတတ်စေ ရန်၊ ကိုယ်ကာယကျန်းမာသန်စွမ်း စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ပါကြောင်း၊ စစ်တုရင် ကစားခြင်းဖြင့် ကစားသမားများ သည် ဉာဏ်ရည်ထက်မြက်လာ ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်တတ်လာခြင်း၊ မှန်ကန် သည့် ဆုံးဖြတ်ချက်များကို ချက်ချင်း ဆုံးဖြတ်တတ်လာခြင်း၊ စိတ်တည်ငြိမ်မှုရှိလာပြီး စိတ်ရှည် သည်းခံတတ်လာခြင်း၊ လူမှုရေး ဆက်သွယ်မှုများ တိုးတက်လာ ခြင်း၊ ပိုနေသောအချိန်များကို ကောင်းမွန်စွာ ကျော်ဖြတ်တတ် လာခြင်း စသည့် အကျိုးကျေးဇူး များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားကာ ကစားသမားများ ၏ စစ်တုရင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ အလုပ် သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်း၊ အမှုထမ်းများ နှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ကြသည်။
ယင်းပြိုင်ပွဲတွင် ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ အမျိုးသားကစားသမား ၂၅ ဦးနှင့် အမျိုးသမီးကစားသမား ၁၅ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကစားသမားများအနေဖြင့် နိုင်ငံ တကာ စစ်တုရင်ပြိုင်ပွဲများတွင် အသုံးပြုသည့် Swiss System ဖြင့် ကစားကြမည် ဖြစ်ကြောင်းနှင့် အမျိုးသားတစ်ဦးချင်း ပွဲစဉ်ခုနစ် ပွဲနှင့် အမျိုးသမီးတစ်ဦးချင်း ပွဲစဉ် ငါးပွဲစီ ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်