
နေပြည်တော် ဇူလိုင် ၂၄
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်း အဝေး အမှတ်စဉ်(၃/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ လုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ၏ လှည့်ပတ်ရန်ပုံငွေသို့ ငွေကျပ် ၅၀ ဘီလီယံနှင့် အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ် ၁၅၀ ဘီလီယံ မှ ငွေကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၁၀၀ ဘီလီယံကို ပြန်လည်ကောက်ခံပြီးစီး မှုနှင့် ပေးသွင်းပေးမှု၊ ချေးငွေပြန်လည် ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများ တွင် ကြေညာချက်ထည့်သွင်းထုတ်ပြန်ပြီး နောက် ၂၀၂၄ ခုနှစ် ဇွန်လနှင့် ဇူလိုင်လ အတွင်း ချေးငွေပြန်လည်ပေးဆပ်မှု တိုးတက်လာသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေ များ ရှင်းလင်းဆွေးနွေးပြီး ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများသည် နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေများဖြစ်သဖြင့် မဖြစ်မနေ ပြန်လည် ပေးဆပ်ကြရန် တာဝန်ရှိကြောင်း၊ ချေးငွေ သက်တမ်းသုံးနှစ် ကျော်လွန်ပြီး ချေးငွေ အရင်းအတိုးများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများနှင့် စပ်လျဉ်း၍ ချေးငွေသက်တမ်းတိုးမြှင့် ပေးရန် အစီအစဉ်မရှိပါကြောင်း၊ ပြန်လည် ပေးဆပ်မှုမရှိသူများကို စီမံခန့်ခွဲမှုနည်းလမ်း များ၊ လုပ်ငန်းစဉ်များဖြင့် အမြန်ဆုံး ပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေ များနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ အချိန်စေ့ရောက်တော့မည် ဖြစ်၍ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ချေးငွေစိစစ် ကြပ်မတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်း ဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်း များမှ အတိုးအရင်းကောက်ခံရရှိမှု၊ သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ် ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုနှင့် ချေးငွေဆိုင်ရာ စာရင်း ဇယားများ တိကျမှန်ကန်ရေးကိစ္စရပ်များ ကိုလည်းကောင်း၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြား ရေးမှူးချုပ်များက ချေးငွေပေးဆပ်ရန် ကျန်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်းများကို ပြန်လည်ပေးဆပ်မှု အဆင့်လိုက်ခွဲခြား၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက် သွားရန်၊ ချေးငွေအများဆုံး ကျန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး စသည့်ဒေသများတွင် ကွင်းဆင်းတွေ့ဆုံ၍ ချေးငွေများ အမြန် ပြန်လည်ပေးဆပ်လာစေရေး ဆောင်ရွက် သွားရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက ကော်မတီ ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ သက်တမ်း စေ့ပြီး ချေးငွေပြန်လည်ကောက်ခံရရှိ ရေးအစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ များကို လေလွင့်ဆုံးရှုံးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်မည့် လုပ်ထုံး လုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးအကြံပြုတင်ပြကြသည်။
တင်ပြချက်များအပေါ် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ချေးငွေများ အမြန်ဆုံး ပြန်လည် ကောက်ခံရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်