
နေပြည်တော် ဇူလိုင် ၂၄
ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ကို ယနေ့ညနေပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့အကြား လက်ရှိပူးပေါင်း ဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်း များ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင် ရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး ထောက်ပံ့ပေးရေး၊ ကျန်းမာရေးဝန်ထမ်းများ စွမ်း ဆောင်ရည်မြှင့်တင်ရေး၊ ပြည်သူ့ ဆေးရုံကြီးများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်