
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်ရန်စင်ကာပူသမ္မတနိုင်ငံသို့ ထွက်ခွာ
နေပြည်တော် ဇူလိုင် ၂၄
စင်ကာပူသမ္မတနိုင်ငံ Swissotel The Stamford ဟိုတယ်၌ ဇူလိုင် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပ ပြုလုပ်မည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် (၂၃) ကြိမ် မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟို အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် စင်ကာပူ သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။
မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (စည်ပင် အတွင်း/ ပြင်ပ)မှ တာဝန်ရှိသူ များက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်