တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

 

နေပြည်တော်  ဇူလိုင်  ၂၄


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုး များရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး   ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက်(၆:၀၀)နာရီမှစပြီး ၊ ရှမ်း ၊ '၀' ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ၊ အရှေ့ပိုး ကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်ဘာသာ အစီအစဉ် များကို ည (၂၃:၀၀)နာရီအထိ ထုတ်လွှင့်လျက်ရှိပါ သည်။


ယခု  NRC  ရုပ်သံလိုင်း    ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက်(၆:၀၀)နာရီမှ (၈:၀၀) နာရီအထိ ' ဝ ' ဘာသာ အစီအစဉ် နံနက်(၈:၀၀)နာရီ မှ (၁၀:၀၀)နာရီအထိ ကချင်ဘာသာအစီအစဉ်၊ နံနက် (၁၀:၀၀)နာရီမှ နံနက်(၁၂:၀၀)နာရီအထိ ကယားဘာသာအစီအစဉ်၊ မွန်းတည့် (၁၂:၀၀) နာရီမှ မွန်းလွဲ (၁၃:၀၀)နာရီ အထိ စကောကရင် ဘာသာအစီအစဉ်၊ မွန်းလွဲ (၁၃:၀၀)နာရီ မှ ညနေ(၁၄:၀၀) နာရီအထိ အနောက် ပိုးကရင် ဘာသာအစီအစဉ်၊ ညနေ(၁၄:၀၀)နာရီ မှ ညနေ(၁၅:၀၀)နာရီအထိ  အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ညနေ(၁၅:၀၁)နာရီမှ (၁၆:၀၀)နာရီအထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊  ညနေ(၁၆:၀၀)နာရီမှ ည(၁၇:ဝ၀) နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်၊ ည(၁၇:၀၀) နာရီ မှ (၁၉:၀၀)နာရီအထိ မွန်ဘာသာ အစီအစဉ်၊ ည(၁၉:၀၀)နာရီ မှ (၂၁:၀၀)နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ ည(၂၁:၀၀)နာရီ မှ ၂၃:၀၀) နာရီအထိ ရှမ်းဘာသာအစီအစဉ်တို့ကို ဘာသာအလိုက်    အချိန်ပြောင်းလဲထုတ်လွှင့်သွား မည်ဖြစ်ပါသည်။                            

သတင်းစဉ်