
နေပြည်တော် ဇူလိုင် ၂၅
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန် စွာ အောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆု ရရှိသော ကျောင်းသား ကျောင်းသူ များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက် လေ့လာကြသည်။
ဦးစွာ ထူးချွန်ဆုရ စစ်သည် များ၊ ကျောင်းသား ကျောင်းသူများ ကို ပြတိုက်တာဝန်ရှိသူများက ပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုကို ရှင်းလင်းပြောကြား ပြီး ထူးချွန်ဆုရစစ်သည်များနှင့် ကျောင်းသား ကျောင်းသူများသည် ပြတိုက်အတွင်း စိတ်ပါဝင်စား စွာ လေ့လာကြည့်ရှုကြသည်။ ထို့နောက် သူရဲကောင်းဗိမာန်သို့ သွားရောက် လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်