
မော်လမြိုင် ဇူလိုင် ၂၅
မွန်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခင်မောင်ဦး ဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာစာပေနှင့် ယဉ်ကျေးမှု ကော်မတီများ တွေ့ဆုံပွဲအခမ်း အနားကို ဇူလိုင် ၂၄ ရက်တွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ တိုင်း ရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေ နှင့် ယဉ်ကျေးမှုကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးက အဖွင့်အမှာစကားကို ပြောကြားပြီး စာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ တိုင်းရင်းသား ရေးရာ ကိစ္စရပ်များကို တင်ပြမှု အပေါ် သက်ဆိုင်ရာဌာနများက ရှင်းလင်းဖြေကြား၍ Grade 1,2,3 မွန်စာပေ ပြဋ္ဌာန်းစာအုပ်များ ကို မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)