
နေပြည်တော် ဇူလိုင် ၂၅
ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ ဦးစီး ဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီး များ၊ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေကြသည့် ကျောင်းသား/ ကျောင်းသူများ တက် ရောက်ကြသည်။
အားလုံးဝိုင်းဝန်းဆောင်ရွက်
အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေး ဦးတည်ချက်(၁)ရပ်ဖြစ်သည့် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီ သည့် ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရေး”အတွက် လိုအပ် သော နည်းပညာမြင့်မားတိုးတက်မှုနှင့် စည်းကမ်းပြည့်ဝမှုတို့သည် ပညာရေး မြင့်မားခြင်းအပေါ်တွင် မူတည်ပါကြောင်း၊ ကျောင်းသား မိဘ ဝန်ထမ်းများအနေဖြင့် သားသမီးများကို ပညာအမွေ လက်ဆင့် ကမ်းကာ မိမိတို့ထက်သာလွန်သော နိုင်ငံ့သားကောင်း ရတနာများဖြစ်စေရေး ဆုံးမသွန်သင်ပေးရန်နှင့် ကောင်းမွေ ပေးရန်လိုကြောင်း၊ ထို့ပြင် “စဉ်ဆက် မပြတ် ကိုယ်တိုင်လေ့လာသင်ယူမှု” သည် လည်း အရေးကြီးကြောင်း၊ စဉ်ဆက် မပြတ် ကိုယ်တိုင်လေ့လာ သင်ယူနိုင်စေ ရန် အခြေခံအကျဆုံး Infrastructure သည် စာကြည့်တိုက်များဖြစ်ပြီး “စာမတတ်သူ ပပျောက်ရေး” မှသည် “စာမဖတ်သူ ပပျောက်ရေး” ကိုလည်း စာဖတ်ရှိန်မြှင့်တင်၍ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထူးချွန်ဆုများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာ ဂုဏ်ထူးရှင် ငါးဦးနှင့် ပြည်ထောင်စုဝန်ကြီး ၏ ဇနီးက ခြောက်ဘာသာဂုဏ်ထူးရှင် ငါးဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ဇနီးက ခြောက်ဘာသာဂုဏ်ထူးရှင်၊ ဒုတိယ ဝန်ကြီးဗိုလ်ချုပ် တိုးရီက ခြောက်ဘာသာ ဂုဏ်ထူးရှင်၊ ငါးဘာသာ ဂုဏ်ထူးရှင်နှင့် ဒုတိယဝန်ကြီး၏ဇနီးက ငါးဘာသာ ဂုဏ်ထူးရှင်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ် (၂) နှင့် အရာရှိကြီးများက ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးရှင်များကို လည်း ကောင်း ပညာထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ချီးမြှင့်ထောက်ပံ့
ယနေ့အခမ်းအနားတွင် ပြည်ထဲရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း များ၏ သား/သမီး၊ ကျောင်းသား/ကျောင်း သူများအနက်မှ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၆၀၊ တစ်ဘာသာ ဂုဏ်ထူး ရှင် ၁၅၇ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၃၁၃ ဦး၊ ရိုးရိုးအောင်မြင်သူ ၇၉၇ ဦးတို့ကို ဒုတိယအကြိမ် ပညာသင်စရိတ်အဖြစ် ချီးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်