သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့်နေရာများအား သွားရောက်ကူညီထောက်ပံ့

 

သာယာဝတီ   ဇူလိုင်   ၂၅


ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၂၄ ရက်  နံနက် ပိုင်းက သာယာဝတီခရိုင်အတွင်း ဧရာဝတီမြစ်ရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု နှင့် မြစ်မခမြစ်ရေကြီးမှုတို့ကြောင့်  သာယာဝတီ ခရိုင်အတွင်း  ရေဘေးဖြစ်ပွားသည့်  နေရာများကို လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ခဲ့သည်။


ရှေးဦးစွာ      တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လက်ပံတန်းမြို့နယ် ဖိုးကတိုး - ကညင်အောတာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး       ရေတားတာ တစ်လျှောက်   ရေကင်းများချ၍    ကြံ့ခိုင်မှုကို   အချိန်ပြည့်စစ်ဆေးရန်၊ ရေကျော်နိုင်သည့် တာအနိမ့် နေရာများတွင်  သဲအိတ်များဖြင့်  ယာယီမြှင့်တင် ခြင်းများ    ဆောင်ရွက်ရန်နှင့်    ရေလမ်းကြောင်း တစ်လျှောက်      ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်     မှာကြားသည်။     ယင်းနောက် လက်ပံတန်း - သာရဝေါ မဟာဗျူဟာလမ်း မိုင်တိုင် အမှတ်(၅/၁)နှင့်  (၅/၂)ကြား   ရေကျော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး    ရေပြန်လည်ကျဆင်းသွားပါက ချက်ချင်းပြန်လည်ပြုပြင်နိုင်ရေး    ကြိုတင်ပြင်ဆင်  ထားရန် မှာကြားသည်။


ထို့နောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့နယ် ထန်းပင်ကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌      ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့       သွားရောက်၍ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ် ဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးကုန်များကိုလည်းကောင်း၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးသင့် ၉၆ ဦး အတွက် ဆန်ရိက္ခာဖိုး တစ်ပတ်စာအတွက် ငွေကျပ် ၂၀၁၆၀၀၊ နေအိမ်ကြိုတင်ပြောင်းရွှေ့စရိတ်  ငွေကျပ် ၄၂၇၃၀၀    နှင့်   ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား သီးခြားထောက်ပံ့ငွေ များ     ထောက်ပံ့ပေးအပ်သည်။    ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်    မင်းလှ - မိုးညို ကားလမ်းတစ်လျှောက် မြစ်ရေဝင်ရောက်မှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ဧကများအား ရေကျချိန်တွင် ပြန်လည် စိုက်ပျိုးနိုင်ရေး   ပျိုးထောင်ခြင်းလုပ်ငန်း   ကြိုတင် ဆောင်ရွက်ထားရန်        တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  သာယာဝတီမြို့နယ် သုံးဆယ်- ဖိုးခေါင်-စံရွေးလမ်း ပေါ်ရှိ တံတားအမှတ်(၁/၆)၊ (၁/၇)၊ (၂/၇)နှင့် (၃/၇) တို့တွင် မြစ်မခ မြစ်ရေကြီးမှုကြောင့် ရေတိုက်စားကာ  တံတားကမ်းကပ်ခုံများထိခိုက်မှုမရှိစေရေး  ကွင်းဆင်းကြည့်ရှုပြီး မြေနိမ့်ဒေသဖြစ်ခြင်း၊ ရေဝပ် ဧရိယာများပြားခြင်းနှင့် ရေစု ဝင်ရောက်မှုအရှိန် များပြားခြင်းတို့ကြောင့်    တံတားကမ်းကပ်ခုံများ ထိခိုက်မှုမရှိစေရေး  တုတ်ရိုက်ခြင်း၊  သဲအိတ် ကာခြင်းများ ဆောင်ရွက်ရေး ဖြည့်ဆည်းပေးခဲ့သည်။    ယင်းနောက် မြစ်မခမြစ်ရေဘေး ကာကွယ်ရေးတာ ဖြစ်များဖြစ်သည့် သရော်အိပ် လဟာတာနှင့် ကွမ်းခြံ လေးဒူးတာတို့အား   သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)