
နေပြည်တော် ဇူလိုင် ၂၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ် မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) သို့ တက်ရောက်ရန် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ဘင်းမ်စတက် လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဇနီးများနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။
နေပြည်တော်သို့ ရောက်ရှိလာ ကြသော အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများဖြစ်ကြ သည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Son-am Wangyel ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne(Retd) WWV RWP RSP USP Ndc psc MPhil၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT တို့အား နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ဘင်းမ်စတက် လုံခြုံရေး ဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများသည် ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ထို့အတူ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲများ အစည်း အဝေးအတွက် အကြိုညှိနှိုင်း အစည်းအဝေး တက်ရောက် မည့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့် ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည် ဇူလိုင် ၂၂ ရက်နှင့် ဇူလိုင် ၂၃ ရက် တို့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်