
နေပြည်တော် ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရှိ သစ်သားတံတား တစ်စင်းကို အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် နောင်ပို အောင်ကျေးရွာ အိုးဖိုတန်းရပ်ကွက်မှ ကင်းစေတီဘုရားသို့ အသွား လမ်းပေါ်ရှိ သစ်သားတံတားတစ်စင်းကို အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါလမ်းပေါ်ရှိ အလျား ၁၀ ပေ၊ အကျယ် ၁၅ ပေခန့်ရှိ သစ်သားတံတားတစ်စင်းကို အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ သဖြင့် တံတားတစ်စင်းလုံး မီးလောင်ပျက်စီးလျက်ရှိသည်ကို တွေ့ရှိ ရသည်။
ထိုကဲ့သို့ အများပြည်သူသွားလာရေး လွယ်ကူစေရန် ဆောက်လုပ် ထားရှိသော တံတားကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါတံတားကို အသစ်ပြန်လည် တည်ဆောက်၍ အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်