(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော်   ဇူလိုင်   ၂၅


၂၀၂၄    ခုနှစ်တွင်  ကျင်းပပြုလုပ် မည့် (၂၅) ကြိမ်မြောက် ငွေရတု အထိမ်းအမှတ်         မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ   ပထမကြိမ်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို      ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ကျင်းပရာ  ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာ ရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး     ဦးတင်ဦး လွင်၊ ဦးစီးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊    ဦးစီးကော်မတီ     အတွင်း ရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊  လုပ်ငန်းကော်မတီဝင်များ၊     ဆပ် ကော်မတီဥက္ကဋ္ဌများ၊ ဘာသာရပ် ဆိုင်ရာပညာရှင်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ     တက်ရောက် ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက (၂၅)     ကြိမ်မြောက်    ငွေရတု ဆိုသည့် ဝိသေသနှင့်အညီ ပြိုင်ပွဲ ကြီး၏ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား များကို  ထူးခြားသည့် အစီအစဉ် များနှင့် စီစဉ်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊  ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုများလည်း ပြုလုပ်ထားပြီး ဖြစ်မည်ဟု      ယုံကြည်မျှော်လင့် ကြောင်း၊      နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု      အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များ ကို   တောက်လျှောက်လက်ဆင့် ကမ်းခဲ့ကြသည့် ပညာရှင်ကြီးများ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်ရှိကြသည့်    ဝါသနာရှင် မျိုးဆက်သစ်        လူငယ်များ၏ ကြိုးပမ်း           အားထုတ်မှုတို့ကို အခြေခံပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲကို လူအား၊ ငွေအား၊ အချိန်များ ပံ့ပိုးပြီး စဉ်ဆက်မပြတ် ကျင်းပနေ ခြင်းဖြစ်ကြောင်း၊   အချိန်ကာလ တစ်ခုအထိ ရပ်နားခဲ့ရသည့် ပြိုင်ပွဲ ကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    အစိုးရလက်ထက်တွင် ၂၀၂၂  ခုနှစ်ကစတင်ပြီး  ပြန်လည် ဖော်ထုတ်ကျင်းပခဲ့ရာ     ယခုနှစ် တွင် (၂၅) ကြိမ်မြောက် ငွေရတု  တိုင်ခဲ့ပြီဖြစ်ကြောင်း။


မြန်မာ့ရိုးရာ       ယဉ်ကျေးမှု ဆိုသည့် စကားရပ်ကိုအထူးပြုပြီး  ကျင်းပပြုလုပ်သော ပြိုင်ပွဲဖြစ် ခြင်းကြောင့် ပြိုင်ပွဲနှင့် သက်ဆိုင် သူ အားလုံးတို့၏ ပြိုင်ပွဲကာလ အတွင်း     နေထိုင်စားသောက်မှု၊ လှုပ်ရှားသွားလာမှု၊        ဝတ်စား ဆင်ယင်မှု အရာအားလုံးတို့သည် အမျိုးသားရေး   စရိုက်လက္ခဏာ နှင့် ကိုက်ညီသည့် ပြုမူဆောင်ရွက် မှုတို့ဖြစ်စေရန် သတိထား  ဆောင် ရွက်နိုင်ရေးအတွက်  အားလုံးက ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံ ကြောင်း၊   (၂၅)    ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်     မြန်မာ့ ရိုးရာယဉ်ကျေးမှု    အဆို၊   အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် တာဝန် ရှိသူအားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်   တိုက်တွန်း ပြောကြားသည်။


ထို့နောက် (၂၅) ကြိမ်မြောက်  ငွေရတုအထိမ်းအမှတ်    မြန်မာ့ ရိုးရာယဉ်ကျေးမှု    အဆို၊    အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီ အတွင်းရေးမှူး  သာသနာရေးနှင့်      ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါ်နုမြဇံက        ပြိုင်ပွဲကျင်းပရေး အတွက် ဆောင်ရွက်ထားရှိမှုများ ကို  ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့  တက်ရောက်လာသော            ပြည် ထောင်စုဝန်ကြီးများနှင့် နေပြည် တော်ကောင်စီဥက္ကဋ္ဌတို့က ဆွေးနွေး ကြပြီး  အစည်းအဝေးသို့  တက် ရောက်လာကြသည့်   တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များမှ   အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် အဆို၊ အက၊ အရေး၊  အတီးဘာသာရပ်ဆိုင်ရာ     အကဲ ဖြတ်လုပ်ငန်းအဖွဲ့မှ ပညာရှင်များ က   (၂၅)  ကြိမ်မြောက်   ငွေရတု အထိမ်းအမှတ်        မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပ ရေးနိုင်ရေးအတွက်      ဆွေးနွေး တင်ပြကြသည်။


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးက ယခုနှစ်ကျင်းပပြုလုပ် မည့် (၂၅)  ကြိမ်မြောက်  ငွေရတု အထိမ်းအမှတ်       မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး    အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်      သက် ဆိုင်ရာ    ဆပ်ကော်မတီများက ယခင်နှစ်အားနည်းချက်၊ အားသာ ချက်များကိုသုံးသပ်၍     ကြိုတင် ပြင်ဆင်    ဆောင်ရွက်သင့်သည် များကို အထူးဂရုပြုဆောင်ရွက်  သွားကြရန်နှင့်  လိုအပ်သည်များ ကို    ဦးစီးကော်မတီ၊    လုပ်ငန်း ကော်မတီ၊   ဆပ်ကော်မတီများ အနေဖြင့်   သက်ဆိုင်ရာ    တိုင်း ဒေသကြီး၊      ပြည်နယ်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း          သတင်း ရရှိသည်။ 

 
သတင်းစဉ်