
နေပြည်တော် ဇူလိုင် ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း (ရန်ကုန်) မှ တာဝန်ရှိသူများ ပါဝင် သောလေ့လာရေးအဖွဲ့နှင့် အတူ ယမန်နေ့ နံနက်ပိုင်းက နေပြည် တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲစိုက်ကွင်း၌ ယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားသည့် သီးနှံ အထွက်နှင့် ဆီထွက်ရာခိုင်နှုန်း မြင့်မားပြီး စာသုံးဆီအရည်အသွေး ကောင်းမွန်သော ပဲပုပ်မျိုး ခုနစ် မျိုး၏ သုတေသန စမ်းသပ်ကွက် ကို သွားရောက်ကြည့်ရှုလေ့လာ ကြသည်။
ကြည့်ရှုလေ့လာစဉ် ဒုတိယ ဝန်ကြီးက သီးနှံစိုက်ပျိုးထုတ်လုပ် ရာတွင် တောင်သူများ ဝင်ငွေတိုး စေရန်အတွက် သီးလှည့်စိုက်စနစ် တစ်ခုဖြစ်သည့် စပါးအပြီး မတ်ပဲ သီးနှံပုံစံတွင် မတ်ပဲကိုနှစ်စဉ် စိုက်ပျိုးလာရာ ပိုးနှင့် ရောဂါ ထူပြောလာသည့်အတွက် မတ်ပဲ အစား ပဲပုပ်သီးနှံကို အစားထိုး စိုက်ပျိုးစေလိုကြောင်း၊ ပဲပုပ်သီးနှံ အောင်မြင်စွာ စိုက်ပျိုးရာတွင် မျိုးစေ့လတ်ဆတ်မှုသည် အဓိက ကျသဖြင့် မိုးပဲပုပ်နှင့် ဆောင်းပဲပုပ် မျိုးဖလှယ်နေရန် လိုအပ်ချက် ရှိသဖြင့် မိုးရာသီတွင် ပဲပုပ်မျိုးစေ့ ထုတ်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲပုပ်သီးနှံသည် ရေဝပ်သည့်ဒဏ် ခံနိုင်ဆုံးသော ပဲဖြစ်သဖြင့် မိုးရာသီတွင် စိုက်ပျိုး ၍ ရနိုင်ကြောင်း၊ စားသုံးဆီကဏ္ဍ ဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင် ရွက်မှုအောက်တွင် တောင်သူ ကိုယ်တိုင်ပါဝင်သည့် ဆီထွက် သီးနှံ မျိုးစေ့ထုတ်လုပ်မှု ဖွံ့ဖြိုး လာစေရန် ကူညီဆောင်ရွက်ပြီး နေပြည်တော်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
အဆိုပါ မျိုးယှဉ်ပြိုင်စမ်းသပ် ကွက်တွင် တောင်သူများ လက်ရှိ စိုက်ပျိုးနေကြသည့် ပဲပုပ်မျိုးများ ဖြစ်သည့် သီပေါ၊ ချင်းမိုင်-၆၀၊ ဗီယက်နမ်ခွံဝါ၊ ရှမ်းဝါလုံးကြီး၊ SB-60 ၊ ရေဆင်း-၁၄ နှင့် ရေဆင်း-၁၅ စသည့်မျိုးများကို ပေါင်ကြီး တင်စိုက်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုး ထားကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် လေ့လာရေးအဖွဲ့သည် ဇေယျာ သီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန ပဲမျိုးစုံသုတေသန ဌာနစုကွင်း၌ စိုက်ပျိုးထားရှိသည့် ရေဆင်း - ၁၅ ပဲပုပ်မျိုး ဆင့်ပွား မျိုးစေ့ စိုက်ခင်းနှင့် မျိုးစပ် မွေးမြူထားသည့် သက်လတ် အရည်အသွေးကောင်း ပဲပုပ်မျိုး များ ဒေသအဆင့် ယှဉ်ပြိုင်ခြင်း စမ်းသပ်ကွက်များကို ကွင်းဆင်း ကြည့်ရှုလေ့လာကြပြီး ဒုတိယ ဝန်ကြီးက တောင်သူလယ်သမား များ ကိုယ်တိုင်ပါဝင်သော ပဲပုပ် မျိုးစေ့ထုတ်လုပ်မှု စီမံချက်ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်ချက်များကို သုတေသီများနှင့် ဌာနတာဝန်ရှိသူ များအား ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်