ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်

 

မော်လမြိုင်  ဇူလိုင်   ၂၅


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများ၌  အကြမ်းဖက် သောင်းကျန်းသူများ   ဝင်ရောက် ပစ်ခတ်   တိုက်ခိုက်မှုများကြောင့် နေအိမ်များ   မီးလောင်ပျက်စီးခဲ့ ရခြင်း​ကြောင့်    မီးလောင်ပျက်စီး သွားသော အိမ်များအား ပြန်လည် တည်ဆောက်ရေးအတွက် အလှူ ငွေပေးအပ်ပွဲ    အခမ်းအနားကို ဇူလိုင်  ၂၅ ရက်  မွန်းလွဲပိုင်းက မော်လမြိုင်မြို့   တောင်ရိုးတန်းရှိ သာသနာ    ၂၅၀၀    ကျောင်းတိုက် ဓမ္မာရုံ၌        ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်             ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ နယ်စပ်ရေး ရာ ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဗိုလ်ချုပ်    ဖြိုးသန့်၊    ပြည်နယ် တရားလွှတ်တော်   တရားသူကြီး ချုပ်၊   ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ မြို့မိ မြို့ဖများနှင့် အလှူရှင် များ၊ ဓမ္မဿကျေးရွာရှိ အိမ်ထောင်စု ဝင်များ တက်ရောက်သည်။


အခမ်းအနားတွင်    ပြည်နယ် ဝန်ကြီးချုပ်က       မွန်ပြည်နယ် ကျိုက်မရောမြို့နယ်      ဓမ္မဿ ကျေးရွာအတွင်း   လူနေအိမ်များ မီးလောင်ခဲ့ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကာ    ကော်မတီ အဆင့်ဆင့်ကို     ဖွဲ့စည်း၍    အနီး ပတ်ဝန်းကျင်      ကျေးရွာများ၌ တည်ငြိမ် အေးချမ်းနေပြီးဖြစ်သည့် အတွက် ကျေးရွာသူ ကျေးရွာသား များအနေဖြင့်    မိမိတို့နေရပ်သို့  သွားရောက်၍    ပြန်လည်အခြေချ နေထိုင်နိုင်ရေး လိုအပ်သည်များကို  အဘက်ဘက်မှ  ဖြည့်ဆည်းပေးနိုင် ရေး အထူးအလေးထားဆောင်ရွက် ပေးခဲ့ပါကြောင်း၊      ကျေးရွာနေ ပြည်သူများ၏     စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက်    အစားအသောက်၊ အဝတ်အထည်၊        အိမ်ဆောက် ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်း များ လိုလေသေးမရှိစေရေး ကူညီ ဆောင်ရွက်နိုင်ရေး      ယခုကဲ့သို့ နယ်စပ်ရေးရာ   ဝန်ကြီးဌာနနှင့် မွန်ပြည်နယ်    အစိုးရအဖွဲ့တို့မှ အတတ်နိုင်ဆုံး    ကူညီထောက်ပံ့ လျက်ရှိကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း       လုံခြုံရေး၊ ပညာရေး၊    ကျန်းမာရေးအပြင် လျှပ်စစ်ဓာတ်အားများ ပြန်လည်  အသုံးပြုနိုင်ရေးနှင့်     ပေါင်းစပ် ညှိနှိုင်း  ဆောင်ရွက်ပေးကြရန်နှင့် ယခုလို ပါဝင်လှူဒါန်းပေးကြမှုများ အပေါ်     ကျေးဇူးအထူးတင်ရှိပါ ကြောင်း အမှာစကား ပြောကြား သည်။


ဆက်လက်၍   နယ်စပ်ရေးရာ ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က  ထောက်ပံ့ငွေ များ  ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍    ရှင်းလင်းပြောကြား သည်။


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်က       ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာရှိ         မီးလောင် ပျက်စီးသွားသော နေအိမ်  ၃၈၀ အား ပြန်လည်တည်ဆောက်ရေး အတွက်    တစ်အိမ်လျှင် ထောက်ပံ့ ငွေကျပ်    ၁၀    သိန်းနှုန်းဖြင့် ပြည်နယ်အစိုးရအဖွဲ့  အနေဖြင့် ငွေကျပ်သိန်း   ၁၉၀၀  ကိုလည်း ကောင်း၊   နယ်စပ်ရေးရာဝန်ကြီး ဌာန  ဒုတိယဝန်ကြီးက  တစ်အိမ် လျှင် ထောက်ပံ့ငွေကျပ် ၁၀ သိန်း နှုန်းဖြင့်   နယ်စပ်ရေးရာဝန်ကြီး ဌာနမှ   ငွေကျပ်သိန်း   ၁၉၀၀ စုစုပေါင်း   ငွေကျပ် သိန်း  ၃၈၀၀  အား       ပေးအပ်လှူဒါန်းခဲ့ကြရာ ကူညီရေးအဖွဲ့မှ       ငြိမ်းချမ်းရေး အကျိုးတော်ဆောင်  ဆရာတော် ဘဒ္ဒန္တကေတုမာလာနှင့် ကူညီရေး အဖွဲ့ တာဝန်ရှိသူက    လက်ခံရယူ ကြပြီး         ပြည်နယ်လုံခြုံရေး နှင့်       နယ်စပ်ရေးရာဝန်ကြီးက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့်   အိမ်ထောင်စု ၃၈၀ အတွက်  ငွေကျပ်သိန်း ၇၆၀၊ ပြည်နယ် ပြည်နယ်ဝန်ကြီးများက  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး  ဌာန  ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ      ထောက်ပံ့ ပစ္စည်းနှင့်           ထောက်ပံ့ငွေကျပ် ၁၀၄၉၅၁၂၈၀၊ အိမ်ထောင်စု ၃၈၀  အတွက် အိမ်ထောင်စုတစ်စုလျှင်  ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံး  ၃၈၀   စုစုပေါင်းတန်ဖိုး ငွေကျပ်   ၁၇၄၉၃၆၈၀    ထောက်ပံ့ ငွေများ၊    အလှူရှင် ဦးလှထွန်းက အိမ်မိုးသွပ်အတွက် အလှူငွေကျပ် သိန်း ၁၀၀၀၊ အခြား အလှူရှင်များ နှင့် ဌာနဆိုင်ရာများမှ အိမ်ဆောက် ပစ္စည်းအတွက် စုစုပေါင်း လှူဒါန်း ငွေကျပ်  သွပ်ဖိုးငွေ  ၂၂၀၂၈၅၀၀ တို့ အား   ပေးအပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက် ကူညီရေးအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဆရာတော်များက   မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မဿ ကျေးရွာရှိ မီးလောင်ပျက်စီးသွား သော   အိမ်များအား  ပြန်လည် တည်ဆောက်ရေးအတွက် အလှူ ငွေများ   ပေးအပ်လှူဒါန်းခဲ့ကြမှု အပေါ်      ကျေးဇူးတင်စကား ပြန်လည်    မြွက်ကြားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးတို့က     ဓမ္မဿကျေးရွာ နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ   အားပေးနှုတ်ဆက်ကြ ကာ  ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း   ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။


မော်လမြိုင်သတင်းဌာနခွဲ