
ရန်ကုန် ဇူလိုင် ၂၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်သည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်း တက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံပွဲသို့ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး၊ အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမ များ၊ နည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် လူငယ်များအား အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံ သော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး၊ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာကြံ့ခိုင်ရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်ပညာရေးကို ပေါင်းစပ်သင်ကြားပေး ခြင်းဖြင့် ကျောင်းသားလူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ် ၏ အဖိုးတန်ရတနာများဖြစ်သည့်အတွက် မိမိဘဝ၊ မိသားစုဘဝတိုးတက်ကောင်းမွန်အောင်၊ နိုင်ငံတော် က အားထားရသောသူများဖြစ်အောင်၊ နိုင်ငံချစ်စိတ် ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသား အမျိုး သမီး လေးထပ်အိပ်ဆောင်၊ စားရိပ်သာ၊ လေ့ကျင့်ရေး ကွင်း(၁)ရှိ ပြေးခုန်ပစ်ပြေးလမ်း၊ ဝူရှူးအားကစားရုံနှင့် ဘော်လီဘောအားကစားရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်