
ဒို့ဝန်တာ
P တိုင်းပြည် လူမျိုး၊ အညွန့် ချိုးသည့်
ဘေးဆိုးဘေးရန်
ကာကွယ်ရန်မှာ ဒို့ဝန်တာ။
P အရိပ် နေနေ၊ အခက် ချိုးချိုး
ဆိုးသွမ်း ဘေးရန်
တိုက်ထုတ်ရန်မှာ ဒို့ဝန်တာ။
P ဘိုးဘွားမွေနှစ်၊ ဧကန်ဖြစ်သည့်
စစ်မှန် ချုပ်ခြာ၊ မြဲခိုင်မာအောင်
သူ ငါ ကိုယ်စီ၊ အသိ ညီလျက်
တိုင်းပြည်အတွက်၊ မှန်သည့်ဘက်မှ
တက်တက်ကြွကြွ ပါဝင်ကြလော့။
အဖျက် မှန်သမျှ ဆန့်ကျင်ကြလော့။
အပျက် ကြံသမျှ တားဆီးကြလော့။
P ပြည်သူ့ အိုးအိမ်၊ ပြည့်စည်းစိမ်ကို
မသိမ်မညှိုး၊ တိုးထက်တိုးအောင်
သယ်ပိုး ရန်မှာ၊ ဒို့ဝန်တာဟု
ရင်မှာခံယူ၊ အတွေးတူလျက်
ပြည်သူအားလုံး ညီညွတ်စို့။
မိစ္ဆာရန်များ ဖယ်ရှားလို့။
မြန်မာပြည်ကြီး အေးချမ်းဖို့။ ။
မျိုးမြတ်မြတ်မြင့်မောင်