သန်လျင်မြို့နယ် ရုံးသပြေကန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  ဇူလိုင်  ၂၆


ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ်     သူဌေးကွင်းကျေးရွာ အုပ်စု   ရုံးသပြေကန်ကျေးရွာနှင့် ပတ်ဝန်းကျင်      ကျေးရွာများမှ သံဃာတော်များနှင့်   ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်း တွင်     ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ    ကျေးရွာရှိ      အနောက် ကျောင်းဓမ္မာရုံ၌    ကျန်းမာရေး စောင့်ရှောက်မှု   လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့   ဆောင်ရွက်ပေးရာ တွင်    ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါးနှင့်  ဒေသခံ ပြည်သူ ၁၁၉ ဦးတို့ကို  သွားနှင့် ခံတွင်းရောဂါ၊  နား၊  နှာခေါင်း၊ လည်ချောင်း ရောဂါ၊  ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊    သားဖွားမီးယပ် ရောဂါ၊   အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး  စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်နေမှုများ ကို သန်လျင်တပ်နယ်မှ တာဝန်ရှိ သူများက   သွားရောက်ကြည့်ရှု အားပေးပြီး      လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်