e - Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၆


e - Government ဦးဆောင်ကော်မတီ၏(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ e-Government       ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ e-Government  ဦးဆောင် ကော်မတီနာယက၊       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊   ကောင်စီဝင်၊    ဒုတိယ ဝန်ကြီးချုပ်နှင့်    ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊       ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ဒုတိယ ဝန်ကြီးများ၊   မြန်မာနိုင်ငံ   ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူးနှင့်    တာဝန်ရှိသူများ တက်ရောက်ကြပြီး   တိုင်းဒေသကြီးနှင့်    ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်


ဦးစွာ e-Government   ဦးဆောင်ကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  အမှာစကားပြောကြားရာ တွင် e-Government သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏   ပင်မတွန်းအားဖြစ်သည့်    Digital Economy ကို ဖော်ဆောင်နိုင်ရန်အတွက်  အဓိက မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဉ်ကို     လျင်မြန်လွယ်ကူ ချောမွေ့စေရန် အထောက်အပံ့ကောင်းများ ပေးစွမ်း နိုင်မည်ဖြစ်သည့်အတွက်    အောင်မြင်အောင် မဖြစ် မနေ      အကောင်အထည်ဖော်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို ပြောကြားလိုကြောင်း။


e-Government ကို   အစိုးရ၏  မဟာဗျူဟာ စီမံကိန်းများနှင့်     လုပ်ငန်းများတွင်   ဦးစားပေး အကောင်အထည်ဖော်    ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးနှင့်         စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုများတွင် နည်းပညာ၏အခန်းကဏ္ဍကို ပိုမို ကျယ်ပြန့်လာစေပြီး ထင်သာမြင်သာရှိသည့် ရလဒ် ကောင်းများနှင့်   အချိန်တိုတိုအတွင်း   အကျိုးရှိပြီး ထိရောက်အောင်မြင်မှုများ         ရရှိလာစေနိုင်မည် ဖြစ်ကြောင်း။


မြန်မာနိုင်ငံတွင် ICT နည်းပညာများ စနစ်တကျ ဖွံ့ဖြိုးလာစေရေး ရည်ရွယ်ပြီး ၂၀၀၅ ခုနှစ်တွင် ပထမ Myanmar ICT Development Master Plan ၊ ၂၀၁၀ ပြည့်နှစ်တွင် ဒုတိယ Myanmar ICT Development Master Plan တို့ကို    ရေးဆွဲခဲ့ကြောင်း၊   ထို့နောက် e-Government လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ်တွင် Myanmar e-Governance Master Plan (2016-2020) ကို ဆက်လက်ရေးဆွဲ ခဲ့ကြောင်း၊ အဆိုပါရေးဆွဲခဲ့သည့် Master Plan များ တွင် ပါဝင်သည့် e-Government လုပ်ငန်းစဉ်များကို အစိုးရဌာနအဖွဲ့အစည်းများအသီးသီးက  အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။


ယခုအခါတွင် နိုင်ငံတော်ကချမှတ်သည့် မူဝါဒ သစ်များ၊ ဒစ်ဂျစ်တယ်နည်းပညာသစ်များ လျင်မြန် စွာ   ပြောင်းလဲမှုတို့နှင့်  ကိုက်ညီမှုရှိစေရန်အတွက် ယခင်ကရေးဆွဲခဲ့သည့်   e - Governance  Master Plan (2016-2020)ကို ပြန်လည်ဆန်းစစ် ဖြည့်စွက် ပြင်ဆင်ပြီး “Myanmar e-Governance Master Plan 2030” ကို   မူကြမ်းရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါမူကြမ်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ က ကျင်းပသည့် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄) တွင်   e-Government     ဦးဆောင်ကော်မတီကို လမ်းညွှန်မှုခံယူရန်    ဆက်လက်တင်ပြ ဆောင်ရွက် မည်ဟု ဆုံးဖြတ်ထားသည့်အတွက် ယခုအစည်းအဝေး တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း။


 မိုဘိုင်းဖုန်းအသုံးပြုမှုတိုးတက်များပြားလာ


လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အစိုးရ ၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများ ကို Myanmar National Portal၊ Myanmar Nat-ional Trade Portal စသည့် National Portal များ နှင့် အစိုးရဝန်ကြီးဌာနများအသီးသီး၏ အင်တာနက် စာမျက်နှာများမှတစ်ဆင့်    ပြည်သူများ      လွယ်ကူ ချောမွေ့စွာရရှိနိုင်ရန်    ဖြန့်ဖြူးပေးခြင်းများကို ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း၊ ထို့ပြင် ဆက်သွယ် ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအရ ICT Infrastructure များသည်    အချိန်တိုအတွင်း    လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာပြီး    မိုဘိုင်းဖုန်းအသုံးပြုမှုများသည်     လည်း တစ်ရှိန်ထိုး တိုးတက်များပြားလာကြောင်း၊ မိုဘိုင်းဆက်သွယ်ရေးအသုံးပြုပြီး        အစိုးရ၏ ဝန်ဆောင်မှုများကို ပြည်သူများ နေရာအနှံ့အပြားက ရယူအသုံးပြုနိုင်အောင်           ဆောင်ရွက်ပေးလျက် ရှိကြောင်း။


နည်းပညာများ  မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လာ ခြင်းကြောင့် အကျိုးကျေးဇူးများ ရှိသကဲ့သို့ တစ်ဖက် တွင်လည်း  ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ် မှုများ   သိသိသာသာမြင့်တက်လာပြီး အစိုးရအဖွဲ့ အစည်းများသည် ဆိုက်ဘာလုံခြုံရေးနှင့် စပ်လျဉ်း သည့် အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်လာရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆိုက်ဘာ လုံခြုံရေးအစီအမံများကို    ထိရောက်စွာ   အကောင် အထည်ဖော်နိုင်ရန်အတွက်    ဆိုက်ဘာလုံခြုံရေး ဆိုင်ရာမူဝါဒကို ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင်     ဆိုက်ဘာလုံခြုံမှုကို     ဥပဒေနှင့်အညီ ထိန်းကျောင်းသွားနိုင်ရေးအတွက်  ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာပါဝင်နိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို   ပြဋ္ဌာန်းနိုင်ရေး   ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့ မြန်မာနိုင်ငံ၏ e-Government ခရီးရှည် တွင်    ယခုကဲ့သို့ထင်ရှားသည့်    မှတ်တိုင်များကို တည်ဆောက်နိုင်ခဲ့သည့်အတွက်       ကုလသမဂ္ဂက ထုတ်ပြန်သည့် UN e-Government Development Index (EGDI) တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိ သည့်အနက်   မြန်မာနိုင်ငံသည်   ၂၀၁၆   ခုနှစ်တွင် အဆင့် ၁၆၉ တွင်ရှိနေရာက ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၃၄ ဖြစ်လာပြီး ၃၅ ဆင့်  တိုးတက်လာခဲ့ကြောင်း၊ အလားတူ အစိုးရနှင့် ပြည်သူများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်သည့် အုပ်ချုပ်မှုပုံစံကို ပုံဖော်နိုင် ခဲ့ပြီး အစိုးရ၏စီမံခန့်ခွဲအုပ်ချုပ်မှုလုပ်ငန်းရပ်များကို ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါတွင် ပြည်သူများ ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များ၊ ထင်မြင်ယူဆ ချက်များနှင့် အကြံပြုချက်များ  ပါဝင်နိုင်မှုကိုလည်း ပြသနိုင်ခဲ့သည့်အတွက်    ကုလသမဂ္ဂက   ထုတ်ပြန် သည့် e-Participation Index (EPI)တွင် ၂၀၁၆ ခုနှစ်၌ အဆင့် ၁၇၀ ရှိရာမှ ၂၀၂၂ ခုနှစ်၌ အဆင့် ၁၁၇ အထိ  ၅၃  ဆင့်   တိုးတက်လာခဲ့သည့်    ရလဒ်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။


 ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်
Digital Economy နှင့် Digital Government ကို ကူးပြောင်းခြင်းသည် အုပ်ချုပ်မှုနှင့် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများဖြစ်ကြောင်း၊    မျှော်မှန်းချက်များ ပြည့်မီစေရန်      အစိုးရ၏လုပ်ငန်းဆောင်တာများ၊ လုပ်ဆောင်မှုပုံစံများ ပြုပြင်ပြောင်းလဲမှုများကို ခေတ် စနစ်နှင့်အညီ မဆောင်ရွက်နိုင်ပါက ဝန်ဆောင်မှုများ အရည်အသွေးမပြည့်မီခြင်း၊    ရန်ပုံငွေမလုံလောက် ခြင်း၊ အရင်းအမြစ်များနှင့် စီးပွားရေးအခွင့်အလမ်း များ   ဆုံးရှုံးခြင်း   စသည်များဖြစ်ပေါ်လာနိုင်သည့် အတွက်      ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် အလွန်အရေး ကြီးကြောင်း။


အခြားသော   အဖွဲ့အစည်းများနှင့်    ပူးပေါင်း ဆက်စပ်ဆောင်ရွက်ခြင်းမရှိဘဲ   သီးခြားရပ်တည် ဆောင်ရွက်နေကြသည့်   လုပ်ဆောင်ချက်များကို တားဆီးရန်လိုအပ်ကြောင်း၊ အစိုးရဌာနများအချင်းချင်း အကြား   အပြန်အလှန်    ချိတ်ဆက်ဆောင်ရွက်နိုင် သည့် စနစ်များနှင့်နည်းပညာများကို  အသုံးပြုပြီး ICT infrastructure များနှင့် အချက်အလက်များကို မျှဝေအသုံးပြုသွားကြရမည်ဖြစ်ကြောင်း။
သတင်းအချက်အလက်လုံခြုံရေး
အစိုးရဌာနများအားလုံး    မျှဝေအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သည့် e-Government Data Center ၊   Myanmar National Portal ၊ One  Map Myanmar Geo Portal ၊ Government Cloud၊ Government e-Mail နှင့် e-ID အစရှိသည့် စီမံကိန်း များသည် အစိုးရ၏စွမ်းဆောင်နိုင်ရည်နှင့် သတင်း အချက်အလက်လုံခြုံရေးကို   မြှင့်တင်ပေးနိုင်သော ထင်ရှားသည့်သာဓကများပင် ဖြစ်ကြောင်း။
အွန်လိုင်းအသုံးပြုပြီး  လုပ်ငန်းဆောင်ရွက်မှုများ ကျယ်ပြန့်များပြားလာသည်နှင့် အမျှ အီလက်ထရွန် နစ်နည်းလမ်းနှင့်  ဘဏ်လုပ်ငန်းများ ဆောင်ရွက်မှု၊ ငွေပေးချေမှု၊ ငွေတောင်းခံမှု၊ ငွေကြေးဆိုင်ရာ အချက် အလက်များပေးပို့မှု   စသည့် Digital Payment များကို ပိုမိုအသုံးပြုနိုင်မှုများ  မြင့်တက်လာသကဲ့သို့ တရားဝင်မှုနှင့် စစ်ဆေးခံနိုင်မှုများက  စိန်ခေါ်မှုများ အဖြစ် တွေ့ရှိလာရကြောင်း၊ ထို့ပြင် အရေးကြီးသည့်၊ ထိခိုက်မခံသည့် သတင်းအချက်အလက်များ ပျက်စီး ဆုံးရှုံးခြင်းက   ကာကွယ်ရန်   Backup   စနစ်များ၊ Disaster Recovery စနစ်များ တည်ဆောက်ထားရှိရန် လည်း လိုအပ်ကြောင်း။


e-Government စနစ်များကိုတည်ဆောက်ရာ တွင် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်၊ သဘာဝအရင်းအမြစ်      စသည့်အရင်းအမြစ်များ လိုအပ်ကြောင်း၊ ယခုကဲ့သို့ လိုအပ်သည့်အရင်းအမြစ် များကို မျှတအသုံးပြုသွားနိုင်ရန်နှင့် အစိုးရဌာနများ က အကောင်အထည်ဖော်နေသည့်     စီမံကိန်းများကို အောင်မြင်နိုင်ခြေမြင့်မားရန် ဦးဆောင်ကော်မတီက စနစ်တကျလမ်းညွှန်မှုပြုပြီး   ကြီးကြပ်ကွပ်ကဲသွားရ မည်ဖြစ်ကြောင်း၊     ဦးဆောင်ကော်မတီအနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှု၊  သတင်းအချက်အလက်များ မျှဝေမှု၊ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စိတ်အား ထက်သန်စွာ   ထောက်ခံအားပေးရန်လည်း    လိုအပ် ကြောင်း။


e-Government ဝန်ဆောင်မှုများ
ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်


ယနေ့ကမ္ဘာတွင်         ဒစ်ဂျစ်တယ်အသွင်ကို အောင်မြင်စွာ  ကူးပြောင်းနိုင်သည့်   နိုင်ငံများသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနေသည်ကို အထင် အရှား တွေ့မြင်ရကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်     နိုင်ငံ၏ပိုမိုကျယ်ပြန့်ပြီး ပိုမိုလုံခြုံစိတ်ချရသည့်  ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပေးနိုင်ခြင်းဆိုသည့်   အချက်ပေါ်တွင်    မှီတည်နေ ကြောင်း၊ ဒစ်ဂျစ်တယ်အစိုးရဆိုသည်မှာ ဒစ်ဂျစ်တယ် စွမ်းရည်နှင့် ဒစ်ဂျစ်တယ် ရင့်ကျက်ပြည့်စုံမှုများဆီကို ဦးတည်ရမည်ဖြစ်ခြင်းကြောင့်     ယခင်ဆယ်စုနှစ် များက      ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သည့် e-Government ၏ ပုံရိပ်ကို တိုးမြှင့်ပြီး နိုင်ငံတကာ နှင့်  ရင်ပေါင်တန်းနိုင်အောင်  ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊   ထို့ကြောင့်   မိမိတို့ မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင် ရန်အတွက် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများ အတွက် ဒစ်ဂျစ်တယ်နည်းပညာများ၏ ခြိမ်းခြောက်မှု နှင့် အန္တရာယ်များလျော့ပါးလာစေရေးနှင့် ပြည်သူ ဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်လာစေရေးတို့ကို မျက်ခြည်မပြတ် ကြိုးပမ်း ဆောင်ရွက်သွားကြရန်     တိုက်တွန်းပြောကြားလို ကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် e - Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က မြန်မာနိုင်ငံတွင် e–Government စတင်ဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ e– Government စနစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အင်တာနက်ဝန်ဆောင်မှုများ တိုးချဲ့နိုင် ရေး၊ ဝန်ကြီးဌာနများအချင်းချင်း ချိတ်ဆက်အသုံးပြု နိုင်သည့်   EDMS   စနစ်များ    ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ မိုဘိုင်းဖုန်းများသုံးစွဲမှု ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ခဲ့မှု၊   e – Government   စနစ်   ပိုမို တိုးတက်ကောင်းမွန်စေရေးအတွက် e – Government  ဦးဆောင်ကော်မတီကို     အမျိုးသားအဆင့်   ဖွဲ့စည်း ဆောင်ရွက်ခဲ့မှု၊ e – Government စနစ် တိုးတက်ရေး အတွက် Myanmar e-Government Master Plan 2030 ကိုရေးဆွဲဆောင်ရွက်ခဲ့မှု၊ နည်းပညာကျွမ်းကျင် သည့် ဝန်ထမ်းများ  လေ့ကျင့်မွေးထုတ်ပေးလျက်ရှိမှု၊ သတင်းအချက်အလက်များ        လုံခြုံမှုရှိစေရေး  ဆောင်ရွက်ခဲ့မှုနှင့်            မြန်မာယူနီကုတ်စနစ်ကို ဆောင်ရွက်ခဲ့မှု၊ ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်ခဲ့မှု၊ e– Government စနစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက်      ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများအား ကောင်းမွန် ပြည့်စုံသည့်  ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ  ပေးနိုင် ရေးဆောင်ရွက်လျက်ရှိမှု၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီရရှိစေရေး   ဆောင်ရွက်ပေး လျက်ရှိမှု၊ နိုင်ငံ၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေး e - Government ဦးဆောင်ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့်   အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် e - Government    ဦးဆောင် ကော်မတီအတွင်းရေးမှူး၊          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးလူမွန် က  e – Government ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြသည်။


ဆက်လက်ပြီး ကော်မတီဝင်များက e – Gover-nment       လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ အလိုက် အကောင်အထည်ဖော်    ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍          ရှင်းလင်းတင်ပြကြရာ e-Government        ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် နည်းပညာကျွမ်းကျင်သည့် ဝန်ထမ်းများမွေးထုတ် ပေးနိုင်ရေး၊ နည်းပညာကျောင်းများမှ လူသားအရင်း အမြစ်များ   လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊    ဝန်ကြီး ဌာနများအလိုက် ဌာနတွင်း e– Government များကို ပြည့်စုံစွာဖြင့်   ဆောင်ရွက်ရန်နှင့်   ထိုမှတစ်ဆင့် ဝန်ကြီးဌာနများအချင်းချင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် e– Government စနစ်ဖြင့် ချိတ်ဆက်၍   လုပ်ငန်းများဆောင်ရွက်နိုင်အောင် အဆင့်ဆင့်ဆောင်ရွက်သွားရန်၊      လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်လုံခြုံမှု ရှိစေရေး   ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် အစည်းအဝေးကို  အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး    e- Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ     ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက     နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်