
နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ သီရိလင်္ကာနိုင်ငံ၊ ကာကွယ် ရေးဝန်ကြီးဌာန၏ အတွင်းဝန် General Kamal Gunaratne (Retd) က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ သီရိလင်္ကာ နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ် ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာများတွင် အတူ တကွ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား သင်တန်းသားများ စေလွှတ်ရေးနှင့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်းမ် စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး ကျင်းပခဲ့မှု အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ အားလုံးနှင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိမှု အခြေ အနေများနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သီရိ လင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ အတွင်းဝန်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်