နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇူလိုင်   ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းသည်      မြန်မာနိုင်ငံဆိုင်ရာ    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov အား ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊    သံတမန်ဆောင်ဧည့်ခန်းမ၌   လက်ခံတွေ့ဆုံ သည်။


ထိုသို့တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် မြန်မာ နိုင်ငံအတွင်း ဖြစ်ထွန်းတိုးတက်မှုများအပေါ် ရုရှားနိုင်ငံသတင်းမီဒီယာ များမှ  ပိုမိုဖော်ပြပေးလိုမှုအပါအဝင်  နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး ဆိုင်ရာ    ကိစ္စရပ်များအား     အမြင်ချင်းဖလှယ်     ဆွေးနွေးခြင်းနှင့်
သံအမတ်ကြီး၏ သိလိုသည့်အချက်အလက်များအား ဖြည့်စွက်ဆွေးနွေး ပေးခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ   နိုင်ငံခြားရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး   ဦးလွင်ဦးနှင့်    တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြကြောင်း       သတင်းရရှိသည်။                     
  သတင်းစဉ်