ပဲခူးမြစ်ရေ ပဲခူးမြို့တွင် နောက်တစ်ရက်အတွင်း နှစ်ပေခွဲခန့် မြင့်တက်လာနိုင်

 

နေပြည်တော်  ဇူလိုင်  ၂၆


ယနေ့ ညနေ ၄ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီမီတာ) သို့ ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း   နှစ်ပေခွဲခန့်    မြင့်တက်လာနိုင်ပြီး   ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


အကြံပြုချက်


သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ် ပါသည်။


မိုး/ဇလ