ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေး

 

ဘားအံ   ဇူလိုင်   ၂၆


ကရင်ပြည်နယ်    ဘားအံမြို့တွင် မိုးသည်းထန်စွာ    အဆက်မပြတ် ရွာသွန်းမှုကြောင့်   သံလွင်မြစ်ရေ သည် စိုးရိမ်ရေမှတ် (၇၅၀ စင်တီ မီတာ)    အထက်သို့     ကျော်လွန် ရောက်ရှိလာပြီး      ဘားအံမြို့ရှိ မြေနိမ့်ပိုင်း    လူနေရပ်ကွက်များ အတွင်းသို့ မြစ်ရေများ ဝင်ရောက် လာသည့်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ်    ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည်   ဇူလိုင် ၂၅ ရက်    နံနက်ပိုင်းက   ရေဘေး အန္တရာယ်   တုံ့ပြန်ဆောင်ရွက်နိုင် ရေးနှင့် ယာယီရေဘေးကယ်ဆယ် ရေး စခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ဘားအံမြို့  ကမ်းနား လမ်းတွင်    သံလွင်မြစ်ရေ   စိုးရိမ် ရေမှတ်အထက် ကျော်လွန်ရောက်ရှိ လာမှုအခြေအနေ၊     အမှတ်(၅)ရပ်ကွက် မြေနိမ့်ပိုင်းရှိ  လူနေအိမ် များအတွင်းသို့  ရေဝင်ရောက်နေမှု အခြေအနေများကို      လိုက်လံ ကြည့်ရှုစစ်ဆေးပြီး     တာဝန်ရှိသူ များ အား  လိုအပ်သည်များမှာကြား ကာ    ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်၊   အမှတ်(၃)ရပ်ကွက် ဆိုင်ကလုန်း ရှက်တာ၊     အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစား ခန်းမ၊  အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း မိုးလုံလေလုံ အားကစားခန်းမ၊    အမှတ်(၅) ရပ်ကွက် ဆိုင်ကလုန်းရှက်တာတို့ တွင်  ရေဘေးသင့်ပြည်သူများအား    ယာယီပြောင်းရွှေ့နေရာချထားပေး နိုင်ရေး၊  ရေ၊ မီး၊ မိလ္လာ  ပြည့်စုံ လုံလောက်မှုရှိစေရေး၊   ဝမ်းရောဂါ ကဲ့သို့သော   ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ    ဆောင်ရွက် ပေးနိုင်ရေး၊ လိုအပ်သည့်  ကူညီ ထောက်ပံ့မှုများ  ဆောင်ရွက်ပေးနိုင် ရေးနှင့်  ရေဘေးကယ်ဆယ်ရေး စခန်းများအလိုက်    အနီးကပ်   အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များ   ဆောင်ရွက်ပေးနိုင်ရေး    ဌာန ဆိုင်ရာများ၊   အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့်    လူမှုရေးအသင်း အဖွဲ့များ  စုဖွဲ့တာဝန်ပေးအပ်ထား မှုအခြေအနေများကို    လိုက်လံ ကြည်ရှုစစ်ဆေး၍   လိုအပ်သည် များ  ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်     သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံ မှုများဖြစ်ပွား၍ စိုက်ပျိုးပြီး မိုးစပါး နှင့်မိုးသီးနှံများ   ရေကြီးနစ်မြုပ် ထိခိုက်ခဲ့ပါက တောင်သူများအတွက်    ထောက်ပံ့ပေးနိုင်ရန်   ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မြေဩဇာ ဂိုဒေါင်အတွင်း မျိုးစပါး၊ သဘာဝ မြေဩဇာများနှင့် ဓာတ်မြေဩဇာ များ သိုလှောင်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များမှာကြား သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)