မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်    ဇူလိုင်   ၂၆


မြန်မာနိုင်ငံ  လူငယ်ရေးရာဗဟို ကော်မတီနှင့်  ရန်ကုန်တိုင်းဒေသ ကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့်    “လူငယ် ရေးရာ အသိပညာပေးဟောပြော ပွဲ” အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်    သင်္ဃန်း ကျွန်း ပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌     ကျင်းပ သည်။


အခမ်းအနားသို့   မြန်မာနိုင်ငံ လူငယ်ရေးရာ    ဗဟိုကော်မတီ အတွင်းရေးမှူး    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန် တိုင်းဒေသကြီး    လူငယ်ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ    ရန်ကုန် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး    ဦးဌေးအောင်၊   အားကစားနှင့် ကာယပညာဦးစီးဌာနမှ   တာဝန် ရှိပုဂ္ဂိုလ်များ၊      သင်္ဃန်းကျွန်း   ပညာရေးဒီဂရီကောလိပ် ကျောင်း အုပ်ကြီး ဒေါက်တာ ငြိမ်းသီတာ အောင်၊     မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဖိတ်ကြားထား သော  ဌာနဆိုင်ရာ    အကြီးအကဲ များ၊    ဧည့်သည်တော်များနှင့် သင်တန်းသား   သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ မြန်မာနိုင်ငံ   လူငယ် ရေးရာဗဟိုကော်မတီ    အတွင်း ရေးမှူး   အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က   လူငယ်များ အနေဖြင့်   တိုင်းပြည်နှင့်လူမျိုး အပေါ်ချစ်စိတ်၊   ပြည်ထောင်စု စိတ်ဓာတ်၊      ငြိမ်းချမ်းရေးကို လိုလားသည့်စိတ်ဓာတ်၊ စည်းကမ်း ရှိသူများ၊ ခေတ်မီတိုးတက်သည့် အသိပညာ ဗဟုသုတတိုးပွားသူ များဖြစ်အောင်ကြိုးစားနေထိုင်ပြီး မိမိတို့      တိုင်းပြည်အနာဂတ် လင်းလက်လှပအောင် ဦးဆောင် နိုင်သည့်   လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန်   တိုက်တွန်း ပြောကြားသည်။


ဆက်လက်၍   ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး   ဦးဌေး အောင်က အမှာစကားပြောကြား သည်။


ယင်းနောက် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်း ဥက္ကဋ္ဌ ဦးစိုးသိန်းက   အားကစား ဆိုင်ရာ အသိပညာပေးဟောပြော ပို့ချပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ    အတွင်းရေးမှူး အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန   ဒုတိယဝန်ကြီးက သင်္ဃန်းကျွန်း    ပညာရေးဒီဂရီ ကောလိပ်     ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီတာအောင်ထံ အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ  ဒုတိယ ဥက္ကဋ္ဌ    ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက     မြန်မာ့ အားကစား လက်ရွေးစင်ဟောင်း များ  အသင်းဥက္ကဋ္ဌကို အမှတ်တရ  လက်ဆောင်ပစ္စည်း     ပေးအပ် သည်။


ထို့နောက်   သင်္ဃန်းကျွန်း ပညာရေး ဒီဂရီကောလိပ်ကျောင်း အုပ်ကြီး ဒေါက်တာ ငြိမ်းသီတာ အောင်က     ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ လူငယ် ရေးရာဗဟိုကော်မတီ     အတွင်း ရေးမှူး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး   လူငယ် ရေးရာကော်မတီ   ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး      လူမှု ရေးရာဝန်ကြီးနှင့်      တာဝန် ရှိသူတို့သည်       သင်တန်းသား သင်တန်းသူများကို ရင်းရင်း နှီနှီး  လိုက်လံနှုတ်ဆက်ခဲ့ကြောင်း  သိရ သည်။


သတင်းစဉ်