ဘီးလင်းမြို့ ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်သို့ ရေကျော်မှုကြောင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာမှု ယာယီပိတ်ထား

 

ဘီးလင်း    ဇူလိုင်    ၂၆


မွန်​ပြည်နယ်   ဘီးလင်းမြို့နယ် တွင် မိုးအဆက်မပြတ်ရွာသွန်းကာ ဘီးလင်းမြစ်ရေ  မြင့်တက်လာမှု ကြောင့်   ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်သို့   ရေကျော်မှု ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များ   ဖြတ်သန်း သွားလာမှု    ယာယီပိတ်ထား ကြောင်း သိရသည်။


ဘီးလင်းမြစ်ရေသည် ယနေ့ နံနက်ပိုင်းတွင်  စိုးရိမ်ရေမှတ် (၁၀၂၂) စင်တီမီတာအား ကျော် လွန်၍ (၁၁၀၇) စင်တီမီတာသို့ မြင့်တက်လာသဖြင့် ရန်ကုန် -  မော်လမြိုင်   အဝေးပြေးလမ်းမ ကြီးပေါ်ရှိ  ဘိုးလှကြီးရပ်ကွက် သကြားစက်ရုံနှင့်   အရက်ချက် စက်ရုံအနီး မိုင်တိုင်အမှတ် ၁၂၆/၄ နှင့်   ၁၂၆/၅ အကြားတွင်  ရေ အကျယ် ပေ ၇၀၀  ခန့်နှင့် အနက်  နှစ်ပေခန့်၊      တောင်ကလေး ကျေးရွာနှင့်  အဝန်းကြီးကျေးရွာ အကြား မိုင်တိုင်အမှတ် ၁၂၉/၃ နှင့် ၁၂၉/၄ အကြား  ကားလမ်းမ ပေါ်သို့ ရေအကျယ်   ပေ   ၅၀၀    ခန့်နှင့်      အနက်   လေးပေခန့်  ရေကျော်မှု    ဖြစ်ပွားလျက်ရှိ သည့်အတွက်  ယနေ့နံနက်ပိုင်းမှ စ၍   ယာဉ်ကြီး၊  ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှုကို     ယာယီ တားမြစ်ထားရှိကြောင်း    သိရ သည်။


အဆိုပါ   ရေကျော်မှုဖြစ်ပွား သည့်လမ်းပိုင်းများတွင် ယာဉ်များ ဖြတ်သန်းသွားလာမှု  မရှိစေရေး ဘီးလင်းတပ်နယ်၊  မြို့မရဲစခန်း၊ အမှတ်(၇၈)  ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊တပ်ဖွဲ့စိတ်     (ဘီးလင်း)မှ တာဝန်ရှိသူများက သက်ဆိုင်ရာ မိတ်ဖက်   အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိကြောင်း  သတင်းရရှိ သည်။     

 
 မြို့နယ် (ပြန်/ဆက်)