မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ရှစ်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကျင်းပ

 

မုံရွာ   ဇူလိုင်   ၂၇


စစ်ကိုင်းတိုင်းဒေသကြီး   အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသော  မုံရွာ မြို့ပေါ်ရှိ  ပရိယတ္တိစာသင်တိုက် ကြီး    ရှစ်တိုက်မှ   ဆရာတော်၊ သံဃာတော်များအား   ဆွမ်းနှင့် ဆွမ်းဟင်းလောင်းလှူပွဲ   အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး ဝင်းအတွင်းကျင်းပရာ    အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီး ချုပ်      ဦးမြတ်ကျော်နှင့်      ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊   တိုင်း ဒေသကြီးအဆင့်   ဌာနဆိုင်ရာများ၊  တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊   အမှုထမ်းများနှင့် မိသားစုဝင်များ  တက်ရောက်ကြ သည်။  
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်ဇနီး၊       တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊    တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊ အမှု ထမ်းများက ဆရာတော်၊ သံဃာ တော်များအား ဆွမ်းနှင့်ဆွမ်းဟင်း များ၊  သစ်သီးနှင့်   အချိုပွဲများ လောင်းလှူကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက   သံဃာတော်များအား စနစ်တကျ   ဆွမ်းနှင့်ဆွမ်းဟင်းများ၊  သစ်သီး နှင့်အချိုပွဲများ   လောင်းလှူနေမှု များကို   လိုက်လံကြည့်ရှုကြပြီး     ဆွမ်းလောင်းလှူကြသူများအား ရင်းရင်းနှီးနှီး    လိုက်လံနှုတ်ဆက် ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့က  ကြီးမှူးကျင်းပ သော ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲအား  တိုင်းဒေသကြီးအစိုးရ အဖွဲ့ရှိ    ဝန်ကြီးဌာနများ၊  တိုင်း ဒေသကြီး/ခရိုင်/ မြို့နယ်    ဌာန ဆိုင်ရာများ၊     ဝန်ထမ်းများနှင့် မိသားစုဝင်များက       လစဉ် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)