ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

 

ဘားအံ    ဇူလိုင်    ၂၇


ကရင်ပြည်နယ် ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်       မြစ်ရေ၊ ချောင်းရေများ  မြင့်တက် လာပြီး အနိမ့်ပိုင်း လူနေရပ်ကွက် များအတွင်းသို့  ရေများဝင်ရောက် လာကာ     ဆက်လက်နေထိုင် ရန် မသင့်တော်တော့သည့်အတွက် ယာယီ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့ နေရာချထားပေးခဲ့ရာ ဇူလိုင် ၂၇ ရက်   နံနက်ပိုင်းက   ပြည်နယ် ဝန်ကြီးချုပ်   ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည်  ရေဘေး သင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး၍  စားသောက် ကုန်ပစ္စည်းများနှင့်   ဆန်ရိက္ခာ ဖိုးငွေများ    ထောက်ပံ့ပေးအပ် သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဘားအံမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်း ကျောင်း၊ မိုးလုံလေလုံအားကစား ခန်းမအတွင်း ယာယီပြောင်းရွှေ့ နေရာချထားပေးသော  ရေဘေး သင့်      အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး အိမ်ထောင် စု ၃၂၁ စု၊ လူဦးရေ ၁၄၉၉ ဦး အတွက်  ကရင်ပြည်နယ်  အစိုးရ အဖွဲ့ကထောက်ပံ့သော ဆန် ၈၃ အိတ်၊  ဆီ ၁၆၀ ပိဿာ ၅၀ ကျပ် သား၊ ကြက်ဥ  ၁၀၄၉၃ လုံး၊ လူမှု ဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ  စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော  ဆန်ရိက္ခာဖိုးငွေကျပ် ၃၀၅၉၇၀ဝ တို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ဘားအံမြို့ အမှတ်(၅)ရပ်ကွက်   အုန်းမုတ် စိန်လမ်းတွင် ရေဘေးသင့်ပြည်သူ များအား  နယ်မြေခံတပ်မတော် သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး    အဖွဲ့အစည်းများ နှင့် လူမှုရေးအသင်းအဖွဲ့များက   ဘေးလွတ်ရာယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာ ချထားပေးမှု   အခြေအနေများ ကို သွားရောက်ကြည့်ရှု အားပေး ပြီး  သံလွင်မြစ်ရေသည်  ယနေ့    တိုင်းတာချက်များအရ   ဘားအံ မြို့၏    စိုးရိမ်ရေမှတ်   (၇၅၀ စင်တီမီတာ) အထက် ၉၂၆ စင်တီ မီတာသို့    ကျော်လွန်ရောက်ရှိ နေရာ      ဘားအံမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု၊ လှိုင်းဘွဲမြို့နယ်တွင် ခြောက်ခု၊  စုစုပေါင်းရေဘေး ကယ်ဆယ်ရေး စခန်းပေါင်း ၂၀ တို့ကို ဖွင့်လှစ်ထား ရှိကာ    ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   သံလွင်မြစ်ရေနှင့်မိုးရေများစီးဝင်နေသော  အနိမ့်ပိုင်း ရပ်ကွက်များကို   စက်တပ်လှေ များဖြင့်     လှည့်လည်ကြည့်ရှု စစ်ဆေးကာတာဝန်ရှိသူများအား  လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်   ဘားအံမြို့ အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်းရှိ မိုးလုံလေလုံ  အားကစားခန်းမ ယာယီ   ရေဘေးကယ်ဆယ်ရေး စခန်း၌ ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု  ၁၅၀၊ လူဦးရေ ၆၈၁ ဦးတို့အား  သွား ရောက်တွေ့ဆုံ     အားပေးစကား ပြောကြားကာ    ကရင်ပြည်နယ် အစိုးရအဖွဲ့မှ    ထောက်ပံ့သော  ဆန်  ၄၉ အိတ်၊ ဆီ ၇၅ ပိဿာ၊ ကြက်ဥ   ၄၇၆၇ လုံးနှင့်  လူမှု ဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေကျပ်  ၁၄၃၀၁၀ဝ တို့ကို       ထောက်ပံ့ပေးအပ် သည်။ (အပေါ်ပုံ)
ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ မြို့ အမှတ်(၂)ရပ်ကွက် ရွှေယဉ် မျှော်ပြည်တော်ဧ     စေတီတော် ယာယီ    ကယ်ဆယ်ရေးစခန်း တွင်     ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၆၃ စု၊ လူဦးရေ ၈၂၄ ဦးတို့ကို   သွားရောက်တွေ့ ဆုံအားပေးစကားပြောကြားပြီး  ကရင်ပြည်နယ်    အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်အိတ် ၆၀၊ ဆီ ၈၁ ပိဿာ ၅၀ ကျပ်သား၊ ကြက်ဥ ၅၇၆၈  လုံးနှင့်   လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေး    ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ    ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေကျပ်     ၆၄၈၉၀ဝ တို့ကို     ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် ကျန်ရှိသည့် ရေဘေး ကယ်ဆယ်ရေးစခန်းများသို့လည်း   ကူညီထောက်ပံ့မှုများ  ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်    ဘားအံမြို့ အမှတ်(၁)အဆင့်မြင့် ရေပေါ်ပျံကျ ဈေးတွင် ရေများဝင်ရောက်လာ သည့်အတွက် ဘားအံမြို့ အမှတ် (၃)ရပ်ကွက်  ကမ်းနားလမ်းသို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်ထား သော   ပျံကျဈေးတွင် ဈေးသူ၊ ဈေးသားများနှင့်    မြို့သူမြို့သား များ၏ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြား ကာ ကမ်းနားလမ်းတွင် သံလွင် မြစ်ရေမြင့်တက်လာသည့် အခြေ အနေများကို   ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)