
ပုသိမ် ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့်အတူ မြန်အောင်ခရိုင် အတွင်းရှိ ရေလှောင်တမံများ ၏ ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင် မြန်အောင်မြို့နယ် မျှင်ဝါးတောင် ကျေးရွာအနီးရှိ မမြရေလှောင်တမံ စီမံကိန်းသို့ သွားရောက်ခဲ့ပြီး ခုနှစ်အလိုက် မိုးရေချိန်လက်မ၊ ပင်မရေပိုလွှဲမှ ရေကျော်သည့် အမြင့်ဆုံးရေမှတ်၊ အမြင့်ဆုံးပေ၊ ရေကျော်သည့်ရက်၊ ၂၀၁၈ ခုနှစ် တွင် မမြဆည်ရေပိုလွှဲမှ အမြင့်ဆုံး ရေကျော်ခဲ့မှုနှင့်(ယနေ့) ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် မမြဆည် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေပိုလွဲမှ ရေကျော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်း ဆောင်တွင် တာဝန်ရှိသူများ ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူ မြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းသို့ သွားရောက်၍ ပင်မရေပိုလွှဲမှ နှစ်အလိုက် ရေကျော်မှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ကညင်ဆည် ရေပိုလွှဲမှ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီ တွင် ကညင်ဆည်ရေပိုလွှဲထိပ်မှ ရေကျော်စီးဆင်းမှု အခြေအနေ များ ရှင်းလင်းတင်ပြရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ရေလှောင်တမံ ရေပိုလွှဲက ရေကျော်နေမှုကို စောင့်ကြည့် မှတ်တမ်းတင်ထားရှိရန်၊ အချိန်နှင့် တစ်ပြေးညီတင်ပြရန်၊ ရေလှောင် တမံကြံ့ခိုင်ရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန် မှာကြား ပြီး ဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)