
နေပြည်တော် ဇူလိုင် ၂၇
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီး အနောက် - အနောက် မြောက်ဘက်သို့ရွေ့လျားကာ တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရသည်။
မိုး/ဇလ