ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄) ကျင်းပ

 

“နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို
၁-၈-၂၀၂၄ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကြေညာ

နေပြည်တော်  ဇူလိုင်   ၃၁


ပြည်ထောင်စုသမ္မတ     မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်    လုံခြုံရေးကောင်စီ  အစည်းအဝေး (၂/၂၀၂၄)ကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်း တွင်   နေပြည်တော်ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌    ကျင်းပ ပြုလုပ်သည်။


ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာ ရေးအခြေအနေအရ  ဆေးခွင့်ယူ၍ ဆေးကုသမှုခံယူ နေသဖြင့်   အမျိုးသားကာကွယ်ရေးနှင့်    လုံခြုံရေး ကောင်စီဆိုင်ရာကိစ္စရပ်များကို       လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ယာယီသမ္မတတာဝန်ဝတ္တရားများကို လွှဲပြောင်းအပ်နှံခဲ့သောကြောင့်    အစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်)      တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့  လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး          ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊           အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    အောင်လင်းဒွေးနှင့်    တွဲဖက် အတွင်းရေးမှူး          ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
ဦးစွာ    ယာယီသမ္မတ(တာဝန်)     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်း တိုးတာဝန်ယူခဲ့သည့်   ၆   လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တွင် ယာယီသမ္မတ  တာဝန်ဝတ္တရားများ လွှဲပြောင်း ခြင်းဆိုင်ရာကိစ္စကို     ဦးစွာပြောကြားလိုကြောင်း၊ ယာယီသမ္မတ     ဦးမြင့်ဆွေအနေဖြင့်    အာရုံကြော အားနည်းမှုခံစားရသောကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်း ပိုင်းမှစပြီး        အထူးကုပါရဂူကြီးများပါဝင်သည့် ဆေးကုသမှုအဖွဲ့ဖြင့်    ဆေးကုသမှုခံယူခဲ့ကြောင်း၊ အလားတူ ဝဲ၊ ယာမျက်စိများ၌ ဖြစ်ပွားလျက်ရှိသည့် အတွင်းတိမ်များကို  ခွဲစိတ်ကုသခဲ့ရာ     အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း   အာရုံကြော အားနည်းရောဂါကို  ဆက်လက်ခံစားနေရကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုကို           ပြုလုပ်ခဲ့သည့်အခါ ကျန်းမာရေးအခြေအနေသည် တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ    အစားအသောက်စားသုံးခြင်း အပါအဝင်         နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှုမရှိသေးသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်   ၂၂   ရက်    ၁၁ နာရီခွဲတွင်   အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာလုပ်ငန်း များ လုပ်ဆောင်ရန်အလို့ငှာ တာဝန်လွှဲပြောင်းခြင်း ပြုလုပ်ခဲ့သည်ကို တင်ပြအပ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေး ပေါ်အခြေအနေကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေကြေညာမှု ယင်းနှစ်ခုကိုဆက်စပ်ကြည့် မည်ဆိုပါက     အရေးပေါ်ကာလမပြီးမြောက်သေး သည့် ကာလအတွင်း၌ အမျိုသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်ပါဝင်သည့်   ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမူ    ကျန်ရှိသည့်   ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားသည့်  တာဝန်များ ကို  မလွဲမသွေ   ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ယာယီသမ္မတ၏ ကျန်းမာရေးအခြေအနေ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင် သည်ဖြစ်စေ၊   အကြောင်းအမျိုးမျိုးကြောင့်   ယာယီ သမ္မတလစ်လပ်သွားပါက ပုဒ်မ ၄၁၂(ခ)နှင့် ပုဒ်မ ၄၁၈(ခ) တွင်ပါရှိသည့်  အခြေခံဥပဒေ၏ သဘော တရားများအရ နိုင်ငံတော်၏ကိစ္စရပ်များကို အဓိက အဆုံးအဖြတ်ပေးရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားကာကွယ်ရေးနှင့်   လုံခြုံရေးကောင်စီ အစည်းအဝေးကို ဦးဆောင်ရန်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉  အရလည်း  နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိမှုသည်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သာဖြစ်ကြောင်း၊ ထို့ကြောင့်    ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏အုပ်ချုပ် ရေးအာဏာကို သမ္မတကိုယ်စားလက်တွေ့ကျင့်သုံး ဆောင်ရွက်နေသည့်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည် ချက် (၉) ရပ်ကို    တစိုက်မတ်မတ်   ဆက်လက် အကောင်အထည်ဖော်      ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူချိန်ကတည်းက  မဲမသမာမှုများအတွက်    ရွေးကောက်ပွဲကျင်းပခဲ့ သည့်မြို့နယ်များရှိ   မဲစာရင်းများကို    အသေးစိတ် စစ်ဆေးခဲ့ကြောင်း၊ မဲမသမာမှု ပြုလုပ်ခဲ့သူ တာဝန်ရှိ သူများသည် ဝန်ခံခြင်းမပြုသော်လည်း သက်သေများ နှင့်   စစ်မေးသည့်အခါ   ပေါ်လွင်ထင်ရှားသည်ကို တွေ့ရှိသောကြောင့်  စစ်ဆေးတွေ့ရှိသည့် မဲမသမာ မှုဆိုင်ရာတွေ့ရှိချက်များကိုထုတ်ပြန်ခဲ့ပြီး တာဝန်ရှိ သူများကိုလည်း ဥပဒေအတိုင်း အရေးယူခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး   မူလရည်ရွယ်ချက်သည် အရေးပေါ်ကာလ  (၂)  နှစ်ပြီးပါက   ရွေးကောက်ပွဲ ကျင်းပပေးရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် မည်သို့မျှအခြေအနေမပေးသောကြောင့် သက်တမ်း ကာလ(၂)နှစ်ပြည့်ပြီးနောက် အရေးပေါ်အခြေအနေ ထပ်မံကြေညာခဲ့ရကြောင်း၊ အချိန်အခါနှင့် ကိုက်ညီ သည့်   ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို  ပြင်ဆင်ချမှတ်ခဲ့ ကြောင်း၊  ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်သည်လည်း  ရွေးကောက်ပွဲ ကျင်းပရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရေး သည် မိမိတို့အစိုးရ၏ မည်သည့်အခါမျှမပြောင်းလဲ သော   ရည်မှန်းချက်ပင်ဖြစ်ကြောင်း၊    ထို့ကြောင့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရေး ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် ချမှတ် ထားသည့်  ရည်မှန်းချက်အတိုင်း  အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်ကို    ထပ်လောင်း အတည်ပြု ပြောကြားလိုကြောင်း။
တိုင်းပြည်သာယာဝပြောရေးနှင့် ပတ်သက်သည့်လုံခြုံရေးကဏ္ဍ
နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို   ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့်   ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးလမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေ နှင့် အညီဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမားများအနေ ဖြင့် ပြည်သူများကို အကြောက်တရားလွှမ်းမိုးလာစေ ရေး အကြမ်းဖက်လုပ်ရပ်များကို တရားလက်လွတ် ဥပဒေမဲ့ ယခုအချိန်ကာလအထိလုပ်ဆောင်လျက် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး   အပြစ်မဲ့ ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာရေး/ကျန်းမာ ရေးနှင့်  လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်        အခြေခံအဆောက်အဦ ၁၀၉၃၀  တို့ကို   ဖျက်ဆီးခြင်း ခံခဲ့ရပြီးဖြစ်ကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေးကိုမလိုလားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့         အချို့အနေဖြင့်လည်း လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို အခြေခံ ပြီး     နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့်  ဆက်လက်ပြုလုပ်နေကြောင်း၊ မိမိအနေဖြင့် EAO အဖွဲ့များကို ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို  လက်ခံ သဘောတူကြောင်းကို ပြောကြားခဲ့ကြောင်း၊ သို့သော် ယခုအချိန်တွင် အချို့ EAO များအနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို  ချိုးဖောက်နေသည်ကို တွေ့ရှိရ ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ် ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်    တာဝန်ရှိကြောင်း၊    မိမိအနေဖြင့် ယခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို   အာဏာတည်စေခဲ့ပြီး   နိုင်ငံတော်၏လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်    ပါတီစုံဒီမိုကရေစီ စနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်း နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသော် လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်  နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး     လက်နက်ကိုင် အကြမ်းဖက်သည့်   နည်းလမ်းများနှင့်    ဖြေရှင်း ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့ အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီ  လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေး ဆောင်ရွက်နေသည် ကို   တွေ့ရကြောင်း၊    မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး       အကျပ်ကိုင် တောင်းဆိုခဲ့သည့်       ဖြစ်စဉ်များရှိခဲ့သော်လည်း  အောင်မြင်မှုမရရှိခဲ့ကြသကဲ့သို့        မည်သူတစ်ဦး တစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲ့ နှင့် TNLA အဖွဲ့တို့က ဒေသတည်ငြိမ်အေးချမ်းရေး အတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့ကြောင်း၊ MNDAA အဖွဲ့ အနေဖြင့် လားရှိုးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို့ လားရှိုးမြို့အတွင်း ကိုလည်း    ရှော့တိုက်ဒုံးများဖြင့်    နေ့စဉ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊     လက်ရှိအချိန်တွင်လည်း မြို့တွင်းသို့စိမ့်ဝင်ပြီး        ပြည်သူ့အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် TNLA အဖွဲ့အနေဖြင့် လည်း   PDF   အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းပြီး နောင်ချို၊  ကျောက်မဲ၊  သီပေါ၊  မိုးကုတ် ဒေသတို့တွင်ရှိသည့်   နယ်မြေလုံခြုံရေးစခန်းများနှင့် မြို့အချို့အတွင်းသို့   တိုက်ခိုက်မှုများ   ပြုလုပ်ခဲ့ ကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်လာသည့် အတွက်    ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး     ဒေသခံ တိုင်းရင်းသားများ၏    လူမှုစီးပွားဘဝများသာမက အသက်အန္တရာယ်ပါထိခိုက်ဆုံးရှုံးမှု      များစွာရှိခဲ့ ကြောင်း၊ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုး ပြပြီး    အေးချမ်းစွာနေထိုင်နေကြသည့်    အပြစ်မဲ့ ပြည်သူလူထု၏        အသက်အိုးအိမ်စည်းစိမ်အပေါ် နေ့စဉ်နှင့်အမျှ   ခြိမ်းခြောက်လာမှုကို     ပြည်သူလူထု အနေဖြင့်     အလွန်ရွံရှာစက်ဆုပ်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊  တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော     ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏         အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို      ကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန်   အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  ထိုကဲ့သို့ ပြည်သူ့အတွက်၊ နိုင်ငံအတွက်     ဦးထိပ်ထားဆောင်ရွက်ခြင်းသည် တရားသောစစ်ကို    ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ တရားသောစစ်ဆင်နွှဲနေသည့်အပေါ် တွင် ဝန်းရံထောက်ခံအားပေးနေသည့် မျိုးချစ်လူငယ် များ၊   အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသား ပြည်သူလူထုအပေါ် ဂုဏ်ယူပါကြောင်း ပြောကြားလိုကြောင်း၊         အမိနိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ    ထိခိုက်အောင်ဆောင်ရွက်လာ သည့်   သောင်းကျန်းသူ   အဖျက်သမားများအပေါ် ပြင်းပြသည့်၊ စုစည်းညီညွတ်သည့်  အမျိုးသားရေး စိတ်၊ မြန်မာစိတ်တို့မွေးမြူပြီး   နိုင်ငံတော်ကို စုပေါင်း ကာကွယ်ကြရန်  တိုက်တွန်းပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့်  လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသစီမံခန့်ခွဲရေးကိစ္စရပ်များသည်  နှစ်နိုင်ငံ အစိုးရများမှ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေးကို      နှစ်ဖက်အစိုးရဌာနများကသာ ကြီးကြပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊       အချို့ နယ်စပ်ဒေသများတွင်    စီမံခန့်ခွဲမှုများ  ချို့ယွင်းမှု ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် ပုံမှန်အခြေ အနေသို့   ရောက်ရှိအောင်ဆောင်ရွက်ရန်    လိုအပ် ကြောင်း။
မိမိတို့အနေဖြင့်          ပြည်ထောင်စုကြီးထာဝရ ငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်ပြီး  နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး    နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့်  သဘောထားမှတ်ချက်များကို  Union Accord   အဖြစ်     မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊     ဆက်လက်ပြီး    တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    လက်နက်ကိုင် ပဋိပက္ခ     သက်ဆိုးရှည်ရေးနှင့်      မြန်မာနိုင်ငံအပေါ် ၎င်းတို့လိုချင်သည့်  လက္ခဏာမျိုးရရှိစေရန် ပြည်ပ နိုင်ငံအချို့သည်  လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထားကွဲလွဲသူများမှ  အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို  ငွေကြေးရရှိအောင်၊    အစားအသောက်ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိ အောင်၊ နည်းပညာများရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့ မှုအခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်အောင် ကူညီပေးလျက်ရှိကြောင်း။
စီးပွားရေးကဏ္ဍ
နိုင်ငံ့စီးပွားမြင့်မားရေး ဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင် မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့် အတွက်      စိုက်ပျိုးရေးကဏ္ဍ၊       စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး         ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊      အခြေခံ ကုန်ထုတ်လုပ်မှုမရှိဘဲ   GDP   တက်လာရန်  မဖြစ် နိုင်ကြောင်း၊မိမိတို့     တာဝန်ယူသည့်အချိန်က    ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး     စီးပွားရေးကျဆင်းနေ သည့်ကာလဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁  ခုနှစ်   GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံ စီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး နှင့်မွေးမြူရေးကို     အဓိကထား   အားသွန်ခွန်စိုက် ဆောင်ရွက်မှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လတာတွင် အပေါင်း   ၂  ဒသမ  ၄  ရာခိုင်နှုန်း   ရရှိခဲ့ကြောင်း၊ ၈ ဒသမ ၃ ရာခိုင်နှုန်းမျှ တက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်   ၃   ဒသမ  ၄  ရာခိုင်နှုန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း စီးပွားရေး တိုးတက်မှုရခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြောင်း၊  နိုင်ငံ့ စီးပွားရေးကျဆင်းပါက   ကျန်သည့်အကျိုးဆက်များ လည်းရှိလာမည်ဖြစ်သဖြင့်  ပြည်ပနိုင်ငံအချို့သည် စီးပွားရေးပိတ်ဆို့ခြင်း၊    ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင် ပိတ်ဆို့ခြင်း၊ နယ်စပ်ကုန်သွယ်ရေး မပြု လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့်  ပြုလုပ်ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး၊     လက်ဝါးကြီးအုပ် ဆောင်ရွက်နိုင်ရေးအတွက်         နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို    နည်းလမ်း ပေါင်းစုံနှင့် အားပေးကူညီခြင်းများ ပြုလုပ်နေသည် ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုး၊      မွေးမြူရေးလုပ်ငန်းမှထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မားစေရေး     အဓိကတွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ကို အားပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးတောင်သူအားလုံးကို အထူးကျေးဇူးတင် ကြောင်းကို ပြောကြားလိုကြောင်း။
ပြီးခဲ့သည့်ဧပြီလအတွင်း မသမာသူဝိသမစီးပွား ရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက် ကမဖြစ်စေရန် ဆောင်ရွက်ခဲ့သောကြောင့် ရွှေဈေးနှင့်  ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာအောင်ဆောင်ရွက်ခြင်း၊     စီးပွားရေး အရ    အရေးယူပိတ်ဆို့မှုများ    လုပ်ဆောင်ခြင်း၊ ဘဏ်စနစ်များထိခိုက်ပြိုလဲအောင်   လုပ်ဆောင်ခြင်း၊ ငွေကြေးများ  ကမောက်ကမဖြစ်အောင်  လုပ်ဆောင် ခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသော ကြောင့် လိုအပ်သည့်စည်းကမ်းဥပဒေနှင့်အညီ စိစစ် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ငွေကြေးတန်ဖိုးတက် ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ် သောကြောင့် ငွေကြေးခိုင်မာမှုရှိအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း  နိုင်ငံတော်တွင် စားသုံးဆီနှင့် စက်သုံးဆီကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူလူထုက  စိုးရိမ်စိတ်မြင့်မား အောင် ဝိသမလောဘသားများက ကောလာဟလများ ဖြန့်ပြီး လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့သဖြင့် မိမိတို့အနေဖြင့်  မှန်ကန်သည့်လုပ်ဆောင်ချက်များ၊ တိကျပြတ်သားသည့် မူများချမှတ်ပေးပြီး ပြည်သူ လူထုအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဆန်နှင့်ပတ်သက်၍လည်း   ဈေးနှုန်းကမောက်ကမ ဖြစ်လာနိုင်ဖွယ်ရှိသည်ကို       သုံးသပ်တွေ့ရှိရသည့် အတွက် လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ဆန်ဈေးနှုန်းတည်ငြိမ်စေရန် ဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံပြည်သူလူထု စားရေးကိစ္စအဆင်ပြေစေရန် မိသားစုအလိုက်လိုအပ်နိုင်မည့်  ဆန်ပမာဏများကို နိုင်ငံတစ်ဝန်း  ရောင်းချပေးလျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့်   နိုင်ငံရေးသည် စီးပွားရေးပင်ဖြစ်သည် ဟုခံယူပြီး ပြည်သူများ စားဝတ်နေရေးပြေလည်မှုမှ တစ်ဆင့်  လူနေမှုအဆင့်အတန်း   မြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက် ထားပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
လူမှုရေးကဏ္ဍ
နိုင်ငံတစ်ခု  ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည်အရေးကြီး ကြောင်း၊  ထို့ကြောင့်   ပညာရေးနှင့်  ပတ်သက်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြား နိုင်ရေး၊ KG+9 အထိ မသင်မနေရသင်ကြားနိုင်ရေး တို့အတွက်  သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ KG+9 ပြီးမြောက်ပါက  KG+10 မှ  KG+12   အထိ  ၃ နှစ်တာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ပါက အခြေခံအလုပ်အကိုင် ကို ရရှိစေမည်ဖြစ်သကဲ့သို့ ဆက်လက်ပညာသင်နိုင် ပါက ကိုက်ညီသည့် ဒီပလိုမာ/ဘွဲ့များ ရရှိမည်ဖြစ် သည့်အတွက် ကုန်ထုတ်လုပ်မှုကျွမ်းကျင်သော လူသား အရင်းအမြစ်များရမည်ဖြစ်ကြောင်း၊    စနစ်သစ် ပညာရေးအရ  KG+12    အတန်းကို   ရောက်ပါက အသက်အရွယ်အားဖြင့် အသက်   ၁၇  နှစ်၊  ၁၈ နှစ် ဝန်းကျင်ရောက်ရှိသည့်အရွယ်ဖြစ်ကြောင်း၊ ၁၈ နှစ် ဆိုပါက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အရွယ်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို    ထူထောင်မည်ဆိုပါက ဥပဒေကို နားလည်ရန်လိုကြောင်း၊ ထို့ကြောင့် အဆိုပါ အတန်း၊ အဆိုပါအရွယ်ကတည်းက ဥပဒေ ဗဟုသုတ များ ကြွယ်ဝနေစေရေး ဆွေးနွေးသင်ကြားဆောင်ရွက် ရန်လိုကြောင်း။
ယခုပညာသင်နှစ်တွင်   နိုင်ငံတစ်ဝန်းရှိ   အခြေခံ ပညာကျောင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျမ်းမျှ  ၇၀  ရာခိုင်နှုန်းခန့်    ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ အခြေခံပညာအဆင့် ကျောင်းတက်ရောက်မှုအနေဖြင့် မူလစာရင်းသွင်းထားသူများအနက်မှ ၉၂ ရာခိုင်နှုန်း ကျော်ရှိသည့်အတွက်  ရာနှုန်းပြည့်ကျောင်းတက်နိုင် ရေးနှင့် ကျောင်းများ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများ နှင့်လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏   လူဦးရေအသက် ပိုင်းခြားအရ ယခုထက်ပိုပြီး ကျောင်းတက်ရောက်သူ ဦးရေများရန် လိုအပ်မှုများရှိနေသေးကြောင်း၊ စာသင် ကျောင်းများဖွင့်လှစ်သည့်   ဒေသများအားလုံးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး နှင့်   ပညာရေးလမ်းကြောင်းပေါ်ကို   ရောက်ရှိရေး ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
၂၀၂၃ ခုနှစ်မှစပြီး ပညာရေးညီလာခံကို ကျင်းပ ခဲ့ကြောင်း၊   ယခုနှစ်တွင်လည်း    ပြီးခဲ့သည့်လက ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပညာရေးညီလာခံများမှရရှိ သည့် ဖော်ထုတ်ချက်များကို မြန်မာနိုင်ငံပညာရေးကဏ္ဍမြင့်မားရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် သည်  ပညာရေးအပေါ်တွင်    အခြေခံခြင်းကြောင့် ပညာရေးအဆင့်တိုးတက်လာရန် ပညာရေးဝန်ထမ်း များအပြင် ကျောင်းသား/ ကျောင်းသူများ၊ မိဘများ နှင့် အုပ်ချုပ်သူအဖွဲ့အစည်းများကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ “အမျိုးသား စည်းကမ်း အစ    စာသင်ကျောင်းက”   ဟု   ဆိုသည့်အတိုင်း ကျောင်းစည်းကမ်းလိုက်နာခြင်းမှစပြီး     ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ် သည့်၊ နိုင်ငံကြီးသားကောင်းပီသသည့် အလေ့အကျင့် ကောင်းများ  ကိန်းအောင်းလာအောင်     သင်ကြား လေ့ကျင့်ပေးရန်လိုကြောင်း။
ကျန်းမာရေးကဏ္ဍမြှင့်တင်မှုနှင့်  ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး       ကောင်စီအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ယခုထက် ပိုမိုမြင့်မားလာစေရေး     ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်ဆေးရုံနှင့်အထက် ဆေးရုံများကို အဆင့်မြှင့် တင်သွားမည်ဖြစ်ကြောင်း၊  လိုအပ်သည့် ဆေးရုံသုံး စက်ကိရိယာများ ဖြည့်တင်းရန် စီစဉ်ဆောင်ရွက်နေ ကြောင်း၊ ယခုနှစ်အတွင်း  ဆေးရုံသုံးပစ္စည်းကိရိယာ များ   ဝယ်ယူဖြည့်တင်းခြင်းနှင့်   ဆေးရုံများတိုးချဲ့ ဆောက်လုပ်ခြင်းအတွက်        သီးသန့်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် ကျပ်ငွေ ၁၁၆ ဒသမ ၈ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်ပြီး   လစ်လပ်သွားခဲ့ သည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာ ပြန်လည်ခန့်အပ်နိုင်ရန်အတွက် “ဆေးရုံတိုင်း ဆရာ ဝန်ရှိရမည်”  ဆိုသည့် မူကိုချမှတ်ပြီး  မိမိတို့အစိုးရ အနေဖြင့်   ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဝါဒမှိုင်းကြောင့်  တာဝန်မှ လုပ်ငန်းခွင်စွန့်ခွာ သွားသည့်   ကျန်းမာရေးဝန်ထမ်းများ၏  နေရာများ တွင်    ပြန်လည်အစားထိုး     ခန့်အပ်ပေးနိုင်ရန် အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့အချိန် တွင် နိုင်ငံတစ်ဝန်း ဆေးပေးခန်း ၇၂၇၈ ခုနှင့် ဆေးရုံ ပေါင်း ၇၅၇ ရုံတွင် ကျန်းမာရေးဝန်ထမ်း ၆၈၂၅၈ ဦး နှင့် ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊   လူသားတိုင်း၏    ကျန်းမာရေး ဆိုင်ရာ အခြေခံရပိုင်ခွင့်များကို ပြည့်ဝစွာရရှိစေရေး ဆက်လက်ကြိုးပမ်း    ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ချမှတ်ထားသည့် လူမှုရေး ဦးတည်ချက်တွင်ပါဝင်သော           “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက်     ပြည်သူ အားလုံးအကျုံးဝင်မည့်     ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”   ဆိုသည့် အချက်ကို   အထောက်အပံ့ဖြစ်စေရန်     လာမည့် ဒီဇင်ဘာလအတွင်း၌လည်း        ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို   ကျင်းပရန်    စီမံ ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်မိုးရာသီကာလတွင် ရေကြီးရေလျှံမှု အနည်းနှင့် အများ ဖြစ်ပေါ်တတ်သည့် နိုင်ငံဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း မိုးဦးကာလအစ ကတည်းက  ယခင်နှစ်များထက်    မိုးရွာသွန်းမှုပိုမို များပြားလာပြီး မြန်မာနိုင်ငံအထက်ပိုင်း မြစ်ကြီးနား ဒေသမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေအထိ    မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ ကြောင်း၊ အဆိုပါသဘာဝဘေးအန္တရာယ်ကျရောက် နေမှုကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ တာဝန်သိ  လူမှုအဖွဲ့အစည်းများအားလုံးက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ    တက်ကြွစွာ ဆောင်ရွက်ပြီး ပြည်သူ့အကျိုး သယ်ပိုးလျက်ရှိကြောင်း။
စားရေရိက္ခာဖူလုံရေး
ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ စားရေ ရိက္ခာလိုအပ်မှု  Demand   ကလည်း    အချိုးကျ မြင့်တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရာသီ ဥတုနှင့် ပထဝီအနေအထားက ကောက်ပဲသီးနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံနှင့်      မွေးမြူရေးလုပ်ငန်းများ ကောင်းစွာ ဖြစ်ထွန်းနိုင်သည့်နိုင်ငံဖြစ်ခြင်းကြောင့် ထိရောက်အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၁၅ သန်း ကျော်  လျာထားပြီး လက်ရှိအချိန်တွင် ပျမ်းမျှ ၇၀ ရာခိုင်နှုန်းနီးပါး စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မိုးသီးနှံများ အနေနှင့် မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံ လျာထားဧက  ၄ ဒသမ ၆ သန်းကျော်ရှိပြီး ပျမ်းမျှ ၈၁   ရာခိုင်နှုန်းကျော်၊  ပဲအမျိုးမျိုး   လျာထားဧက ၃ သန်းကျော်ရှိပြီး ပျမ်းမျှ ၇၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်  ပတ်သက်ပြီး  အဓိက စိုက်ပျိုးသီးနှံများကို သီးထပ်စိုက်ပျိုးမှု ဆောင်ရွက်ပြီး ၁ ဧကအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်စေ လျက်ရှိကြောင်း၊ ထို့ပြင် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး စနစ်တကျမွေးမြူခြင်းနှင့် မွေးမြူရေး ထုတ်ကုန်များ တိုးတက်အောင် ဆောင်ရွက်နိုင်ပါက ပြည်တွင်းသားငါးဖူလုံမှုသာမက ပြည်ပသွင်းကုန်ကို အစားထိုးနိုင်ပြီး အဓိကပို့ကုန်ကဏ္ဍအဖြစ် ပါဝင်လာ နိုင်စေသည်အထိ အကျိုးရှိစေနိုင်ကြောင်း။
မြန်မာနိုင်ငံတွင် မိုးစပါး ၁၅ သန်းနှင့်  နွေစပါး ၂ သန်းစိုက်ပျိုးထားကြောင်း၊ လယ်အနေဖြင့် ၂ ရပ် ပေါင်း    ၁၅  သန်းခန့်   စိုက်ပျိုးထားသည့်အတွက် ၁ ဧက ပန်းတိုင်ရည်မှန်းချက်တင်း ၁၀၀ ထွက်ပါက လူဦးရေ သန်း ၁၀၀ စာအတွက်  ဝမ်းစာဖူလုံမှုရှိ ကြောင်း၊ ယင်းသည် တစ်သီးသာဖြစ်ပြီး သီးထပ် စိုက်ပါက သန်း ၂၀၀  စာအတွက် ဖူလုံမှုရှိကြောင်း၊    
ထို့ကြောင့် လယ်စပါးစိုက်ပျိုးခြင်းကပင် ဆန်ပိုလျှံမှု များစွာရှိပြီး ပြည်ပဝင်ငွေများစွာ ရရှိစေနိုင်မည်ဖြစ် ကြောင်း၊  အခြား ဝါ၊ ပဲမျိုးစုံနှင့်  ဆီထွက်သီးနှံများ လည်း ပန်းတိုင်ရည်မှန်းချက်ရအောင် ဆောင်ရွက်နိုင် ပါက စိုက်ဧက မတိုးချဲ့ဘဲနှင့်ပင်   များစွာပိုလျှံမည်ဖြစ် သည့်အတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ကြရန်နှင့် လုပ်နိုင်အောင် ဖန်တီးပေးရန်ပင်လိုကြောင်း။
၂၀၁၉ ခုနှစ်  ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နေသူ ၄၁ ဒသမ ၂ ရာခိုင်နှုန်းသည် လယ်ယာ၊  သစ်တောနှင့်    ငါး လုပ်ငန်းများတွင်      အလုပ်လုပ်ကိုင်နေကြကြောင်း၊ အဆိုပါနယ်ပယ်တွင်ရှိကြသည့် လုပ်သားအင်အားကို လူသားအရင်းအမြစ်ကောင်းများအဖြစ်   မွေးထုတ် ပေးရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏   အဓိကစီးပွားရေး လုပ်ငန်းသည်   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပင် ဖြစ်ကြောင်း၊  မွေးမြူရေးလုပ်ငန်းများ၌ ဒေသမျိုးရင်း  တိရစ္ဆာန်များကိုပင်  လှောင်မွေးစနစ်ဖြင့်  မွေးမြူပြီး စိုက်ပျိုးရေးမှရရှိသည့် ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်၊   ကောက်ရိုးတို့ဖြင့်   အစာရေစာကို စနစ် တကျကျွေးမွေးပါက စီးပွားရေးအရ များစွာတွက်ခြေ ကိုက်နိုင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်နေသည့်နိုင်ငံများ၏    စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းလမ်းများကို    လေ့လာပြီး   ခေတ်မီ နည်းစနစ်များဖြင့် လက်တွေ့ဆောင်ရွက်နိုင်ရန် စီမံ ပေးလျက်ရှိကြောင်း။
စိုက်ပျိုးရေးနှင့်   မွေးမြူရေးလုပ်ငန်းများတွင် ငွေကြေးအရင်းအနှီး        တတ်နိုင်သူများအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ   ဆောင်ရွက်ပါက နိုင်ငံ ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများ     ပိုမိုတိုးတက်လာမည်ဖြစ် သည့်အတွက် ဖိတ်ခေါ်ပါကြောင်း၊  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တိုင်းပြည်အတွက် သေချာ သည့်စီးပွားရေးတစ်ခုဖြစ်ခြင်းကြောင့်    ပန်းတိုင် အထွက်နှုန်းများပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော
ပြည်ထောင်စုတည်ဆောက်ရေး
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါရှိ သည့်   ဝိသေသလက္ခဏာအများစုမှာ   ပြည်ထောင်စု (ဖက်ဒရယ်)စနစ်နှင့် ကိုက်ညီသည်ကို လေ့လာတွေ့ရှိ ရကြောင်း၊ ပထမဦးစွာ ဖက်ဒရယ်ပုံစံမူများဖြစ်သည့် ပြည်ထောင်စုနှင့်  တိုင်းဒေသကြီး/ပြည်နယ်အဆင့် တွင် လွှတ်တော်နှင့်အစိုးရ  ၂  ရပ်ဖွဲ့စည်းထားရှိခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတည်ရှိမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ   အာမခံပေးထားခြင်း၊   ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ၆ ခု တည်ရှိခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာများကို  ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အသေးစိတ်ဖော်ပြထားခြင်း၊ ပြည်ထောင်စုနှင့်  တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဘဏ္ဍာရေးခွဲဝေကျင့်သုံးမှုကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်   ပုဒ်မများဖြင့်    တိတိ ကျကျဖော်ပြထားရှိပြီးဖြစ်ကြောင်း၊   ဖွဲ့စည်းပုံ အခြေခံဥပဒေမှ  ပေးထားသည့် အခွင့်အရေးများကို အသုံးချပြီး   ဒေသဖွံ့ဖြိုးတိုးတက်ရေးကို   ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း ကြရန်သာလိုအပ်ကြောင်း၊ လိုအပ်ချက်အရ အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းများကိုလည်း စည်းကမ်း နှင့်အညီ      ပြုပြင်နိုင်ရေး    ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့်      ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် တည်ဆောက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက်      နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင်ခရိုင် ၄၆ ခု တိုးချဲ့ဖွဲ့စည်းပေးခဲ့ပြီး  စုစုပေါင်းခရိုင် ၁၂၁  ခုနှင့် ထိရောက်သည့်အုပ်ချုပ်ရေးကိုဖြစ်ပေါ်လာအောင် ၂၀၂၂  ခုနှစ်ကတည်းက   ဖော်ဆောင်ပေးခဲ့ကြောင်း၊ ခရိုင်များ၏ဦးဆောင်မှုဖြင့်   မြို့နယ်/   ဒေသအားလုံး တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက်၊ ခရိုင်အလိုက် မိမိတို့ရရှိထားသည့်   လုပ်ပိုင်ခွင့်များကိုအသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအကောင် အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် သည့်နေရာတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ် များအနေဖြင့်လည်း          မိမိတို့ဒေသများတွင် ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာသည့် အစိုးရ များပေါ်ပေါက်လာစေရန် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့်    ပြည်နယ်များအလိုက်       သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင်     အတတ်နိုင်ဆုံးရွေးကောက်ပွဲများ ကျင်းပနိုင်ရန်လိုအပ်ကြောင်း၊  ထိုအတွက် လိုအပ် သည့်လုံခြုံရေးလုပ်ငန်းစဉ်များကို   တိုင်းဒေသကြီး များနှင့် ပြည်နယ်များအလိုက် ယခုအချိန်ကတည်းက စတင်အကောင်အထည်ဖော်     ဆောင်ရွက်လျက်ရှိ ကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်ကို   လျှောက်လှမ်းသည့် အခါတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိသည်ကို   နားလည်လက်ခံကြောင်း၊   ကိုယ်စီ၏ လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ်နှင့် လက်နက်ကိုင်တောင်းဆိုခြင်းကို    မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမှ လက်မခံခြင်းကြောင့် ဥပဒေနှင့်အညီသာ တောင်းဆိုကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ   ဥပဒေမထုတ်ပြန်နိုင်သေးချိန် တွင်လည်း ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည် သည့်     အမိန့်နှင့်ညွှန်ကြားချက်များ   ထုတ်ပြန်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးကို ဥပဒေနှင့်အညီသာ တောင်းဆိုရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆက်လက်အကောင် အထည်ဖော်      ဆောင်ရွက်သွားရမည်လည်းဖြစ် ကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   အန္တိမ ရည်မှန်းချက်သည်  လွတ်လပ်၍  တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊   မိမိတို့အနေဖြင့် ရွေးကောက်ပွဲတစ်ရပ်   အောင်မြင်စွာကျင်းပနိုင်ရန် အတွက်   ခိုင်လုံသည့်   အခြေခံမဲစာရင်းများ  ရရှိရန် လိုအပ်ကြောင်း၊    ၂၀၂၀     ပြည့်နှစ်   အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းမှားယွင်းမှု များကြောင့်   နိုင်ငံ့သမိုင်းတွင်  အလွန်ဆိုးရွားသည့် အမည်းစက်ဖြစ်ခဲ့ရသည့်အဖြစ်မျိုး    ထပ်မံမဖြစ်စေ ရေး  အဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  မဲစာရင်းများ   မှန်ကန်မှု ရှိစေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ကို ဆောင်ရွက်လျက်ရှိပြီး လူဦးရေနှင့် အိမ်အကြောင်း အရာ  သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့် အောက်တိုဘာလတွင်     ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်း ကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့်အခက်အခဲ များကို ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် နေကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ရှိစာရင်း များကို ဦးစားပေးကောက်ယူသွားမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရန် အခက်အခဲရှိသည့် နေရာများအတွက်လည်း မြေပြင်တွင်ရှိသည့်စာရင်း များနှင့် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး စာရင်းကိုက်ညီ မှုရရှိသည်အထိ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကောက်ယူ၍ရနိုင်သည့်    မြို့ရွာများကို    ဦးစွာ ကောက်ယူပြီး ဆက်စပ်မြို့နယ်များကို လုံခြုံရေးရယူ ကာ   ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ရွေးကောက်ပွဲဥပဒေ များနှင့်အညီ  ရွေးကောက်ပွဲကို  ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊  ဒေသအလိုက် လုံခြုံရေးအခြေ အနေပေါ်မူတည်ပြီး   ကျင်းပနိုင်သည့်    နယ်မြေများကို  ဦးစွာကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ လတ်တလော လုံခြုံရေးအခြေအနေအရ   ကျင်းပနိုင်ခြင်းမရှိသေး သည့် နယ်မြေများကိုလည်း   လုံခြုံရေးကောင်းမွန် အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပနိုင် အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှသာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် မှန်ကန်သည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို လျင်မြန်စွာ        အကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို  အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့်     အသစ်တည်ထောင် မှတ်ပုံတင်ခွင့်တင်ပြလာသည့်   နိုင်ငံရေးပါတီ ၆၇ ပါတီအနက်မှ နိုင်ငံရေးပါတီ   ၅၀  ကို   မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၂ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၄၈ ပါတီရှိပြီဖြစ်ကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များမဲပေးရာတွင်    အဆင်ပြေစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်    နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၅ ခုရှိ မြို့နယ် စုစုပေါင်း ၁၂၁ ခုတွင်ရှိသည့် ဒေသခံပြည်သူ ၁၀၇၂၉၉ ဦးကို မြန်မာအီလက်ထရောနစ်မဲပေးစက် (Myan-mar Electronic Voting Machine)နှင့်  စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြစမ်းသပ်         မဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။
နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းရေးနှင့်          ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအာမခံထားပြီးဖြစ်ကြောင်း၊   လက်ရှိ အချိန်တွင် NUG နှင့် PDF  အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအကျိုးကို မလိုလား သည့်နိုင်ငံများ၏   ထောက်ပံ့မှုများ    ရယူကာ အကြမ်းဖက်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင် နေလျက်ရှိကြောင်း၊  ငြိမ်းချမ်းရေးနှင့်    ဒီမိုကရေစီ ယဉ်ကျေးမှုကိုမလိုလားသည့်   လက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့်လည်း    ဥပဒေမဲ့လုပ်ရပ်များနှင့် နယ် မြေချဲ့ထွင်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေ သည်ကို  သိသာထင်ရှားစွာ   တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့်     လုံခြုံရေးအခြေအနေများကို    ပြန်လည် ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်ရန်လိုအပ် ကြောင်း၊   လက်ရှိဆောင်ရွက်နေသည့်    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ         အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတစ်ရပ် ကျင်းပနိုင်ရန်  လိုအပ်သည့်        ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ၊ ရွေးကောက်ပွဲဆိုင်ရာ    ထပ်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ      စဉ်ဆက်မပြတ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်        လိုအပ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၂၅  အရအထက်ပါတင်ပြခဲ့သည့် လုပ်ဆောင်ရမည့်လုပ်ငန်း များကို     အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် ၏တာဝန်များကို      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဆက်လက်တာဝန်ယူထမ်းဆောင်ခွင့်ကို ထပ်မံ၍   (၆ လ)  သက်တမ်း  တိုးမြှင့်ပေးနိုင်ရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏    တင်ပြချက်များနှင့် စပ်လျဉ်း၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မကြာမီ ဆောင်ရွက်မည့်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း    လုပ်ငန်းနှင့် ပတ်သက်၍      အနည်းငယ်ဆွေးနွေးတင်ပြလိုပါ ကြောင်း၊      လူဦးရေနှင့်      အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည်  မိမိ တို့နိုင်ငံအတွက် မဖြစ်မနေဆောင်ရွက်ရမည့် အရေး ကြီးလုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊   နောင်ကျင်းပ မည့်   ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကလိုအပ် ချက်ဖြစ်သည့် တိကျမှန်ကန်သော မဲစာရင်းများသည် ပြည်လုံးကျွတ်သန်းခေါင်စာရင်း  အချက်အလက်များ အပေါ်အခြေခံရပါကြောင်း၊      သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် အခြေခံမဲစာရင်းပြုစုရေး  လုပ်ငန်းများသည် ဆက်စပ်ချိတ်ဆက်ဆောင်ရွက် ရသည့်    လုပ်ငန်းများဖြစ်ပါကြောင်း၊   လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အထိ   တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်    ကောက်ယူ သွားမည်ဖြစ်ကြောင်း၊  သန်းခေါင်စာရင်းကောက်ယူ ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းသဘောသဘာဝအရ အဆင့်ဆင့်သောလုပ်ငန်းစဉ်များကို       တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ အဆင့်ဆင့်အကောင်အထည်ဖော်   ဆောင်ရွက်ရာ တွင် အချိန်ကာလအတိုင်းအတာတစ်ခုအထိ အချိန် ယူရမည်ဖြစ်ပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့်  ကာလကို  ၂၀၂၄ ခုနှစ်  ဩဂုတ်လ  ၁  ရက်မှစ၍ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ခြင်းကို       ထောက်ခံပါကြောင်း တင်ပြဆွေးနွေးသည်။
ထို့နောက်    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ဆွေးနွေးရာတွင် ပထမ အချက်အနေဖြင့်    ယာယီသမ္မတ  ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၉ ၊ ပုဒ်မ ၄၂၅ တို့အရ ယာယီသမ္မတတာဝန်ကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထမ်းဆောင်မှုအပေါ်ထောက်ခံပါကြောင်း၊   ဒုတိယ အချက်အနေဖြင့် လက်ရှိတွင် နိုင်ငံတော်၏ လုံခြုံရေး ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများသည် ပြီးပြတ်မှုမရှိသေး ပါကြောင်း၊   လူဦးရေနှင့်    သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည်လည်း အရေးကြီးသည့် လုပ်ငန်းရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စများ ကို ဆက်လက်ဆောင်ရွက်နိုင်ရေး   နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို ၆ လ   သက်တမ်းတိုးမြှင့်ခြင်းအား   ထောက်ခံပါ ကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍        ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် သက်တမ်းတိုးထားသည့်   ကာလအတွင်း နိုင်ငံတော်တည်ငြိမ်ရေးကို  အလေးထားဆောင်ရွက် ခဲ့ပါကြောင်း၊   ၂၀၂၄   ခုနှစ်    ဇူလိုင်လဆန်းမှစ၍ အကြမ်းဖက်သမားများသည်    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့အတွင်းရှိ     လုံခြုံရေးဆိုင်ရာတပ်စခန်းများကို သာမက သာမန်ပြည်သူများနေထိုင်သည့် မြို့၊ ရွာ များအား    ရှော့တိုက်ဒုံး၊   ဒရုန်းများ  အသုံးပြု၍ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကာ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို  ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့်  နိုင်ငံတော်၏တာဝန်များကို    မလွှဲမရှောင်သာရယူ တာဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ပြီး   နိုင်ငံ၏အခြေ အနေ လုံခြုံတည်ငြိမ်လာသည့်အချိန်တွင် လွတ်လပ် ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပပေးကာ နောင် ပေါ်ပေါက်လာမည့်အစိုးရကို နိုင်ငံတော်အာဏာအား စနစ်တကျ   ပြန်လည်လွှဲပြောင်းပေးရန်   ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊        ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် လွတ်လပ်၍ တရားမျှတပြီး  လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နိုင်ငံအတွင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက်ဆောင်ရွက်နိုင်ရန် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ရန်   လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို ၆ လ သက်တမ်းတိုးမြှင့် ခြင်းအား ထောက်ခံပါကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်  က  ၂၀၂၄ ခုနှစ်အတွင်း   ယခုအချိန်အထိ   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လက်နက်ခဲယမ်းနှင့် မိုင်းမျိုးစုံ ကို သိမ်းဆည်းရမိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ မြို့နယ်အချို့တွင်  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ ရေးတို့ကို      ပိုမိုထိရောက်စွာ   ဆောင်ရွက်နိုင်ရေး စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန်        ထုတ်ပြန် ဆောင်ရွက်ခဲ့ရခြင်းများရှိသကဲ့သို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ  ၁၄၄  ထုတ်ပြန်ထားခဲ့ရခြင်းများလည်း ရှိကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း လက်နက်ကိုင်အကြမ်း ဖက်မှုများဖြစ်ပေါ်ခဲ့မှုနှင့်   လုံခြုံရေး၊    တည်ငြိမ် အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့တွင် သာမန်အခြေအနေမဟုတ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ   ၄၂၅   နှင့်အညီ   နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို သက်တမ်းတိုးမြှင့်ခြင်းအား   ထောက်ခံပါကြောင်း တင်ပြဆွေးနွေးသည်။    
ထို့နောက်     နယ်စပ်ရေးရာဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်း နောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့်   ပြီးခဲ့သည့်  အရေးပေါ်အခြေအနေ  သက်တမ်း တိုးမြှင့်ထားခဲ့သည့် ၆ လတာကာလအတွင်း နိုင်ငံ တော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကိစ္စရပ် များကို အတိုင်းအတာတစ်ခုအထိ ဖော်ဆောင်နိုင်ခဲ့ သည်ကို   တွေ့ရှိရပါကြောင်း၊  သို့သော်လည်း   ဒီမို ကရေစီနှင့်     ဖက်ဒရယ်စနစ်ကို     အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊  ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် တွင် ပါဝင်သည့် လွတ်လပ်၍တရားမျှတသောပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းအပါအဝင် ဆောင်ရွက်ရန်လုပ်ငန်းစဉ်များ ကျန်ရှိနေသေးကြောင်း နှင့် ယင်းလုပ်ငန်းစဉ်များကို အချိန်ကာလတစ်ခု  ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်ကို သုံးသပ် တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  နိုင်ငံတော်၏ တာဝန်များကို နောက်ထပ်  ၆ လ ထပ်မံတာဝန်ထမ်းဆောင်ခွင့်ပြုရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆိုပြုချက်ကို ထောက်ခံ ပါကြောင်း ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ယာယီသမ္မတ(တာဝန်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းသည် အချိန်တိုအတွင်း ပြည့်စုံအောင်ဆောင်ရွက် နိုင်သည့် လုပ်ငန်းစဉ်မဟုတ်ကြောင်း၊ ယနေ့ဖြစ်ပေါ် နေသော အခြေအနေများအရ လုပ်ငန်းစဉ်အဆင့်ဆင့် နှင့်   စိစစ်မှုအဆင့်ဆင့်   ပြုလုပ်ရမည်ဖြစ်ကြောင်း၊  ထွက်ပေါ်လာသော    လူဦးရေစာရင်းကို    အခြေခံ၍ မဲစာရင်းကို အတတ်နိုင်ဆုံး ပြည့်စုံအောင်ဆောင်ရွက်  ရမည်ဖြစ်ကြောင်း၊ အချို့တိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် လုံခြုံရေးဆိုင်ရာ  အားနည်းချက်များရှိ၍  သန်းခေါင်စာရင်းကောက်ယူနိုင်ရေး        လုံခြုံရေး တိုးတက်မှုရှိအောင်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း  လုံခြုံရေးအခြေ အနေအပေါ်မူတည်၍ ဦးစားပေးအဆင့်ဆင့်သတ်မှတ် ပြီး   နယ်မြေဒေသအလိုက်    ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာလွှတ်တော်များ၊ အစိုးရအဖွဲ့ များ ပေါ်ပေါက်လာရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အရေးကြီးသည်မှာ နိုင်ငံတော်အနေဖြင့်  မှန်ကန်သည့်ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးပင်ဖြစ်ကြောင်း  ပြောကြားသည်။
ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြောကြားရာတွင်     ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက် လာကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်များက   နိုင်ငံတော်တွင်   လက်ရှိ ဖြစ်ပေါ်နေသည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားအထွေထွေ ကိစ္စရပ်များကို  ကဏ္ဍအလိုက်  ပြည့်စုံစွာဆွေးနွေး ပေးကြသဖြင့် ကျေးဇူးတင်ရှိကြောင်း။
မိမိတို့အနေဖြင့် ပြည်သူအားလုံးကလိုလားသည့်  ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို         မလွဲမသွေ ရှေ့ဆက်လျှောက်လှမ်းရမည်    ဖြစ်သည့်အတွက်  လွတ်လပ်ပြီး  တရားမျှတသည့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို         မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ကျင်းပ ရာတွင်လည်း  ၂၀၂၀  ပြည့်နှစ်  ရွေးကောက်ပွဲတွင်  ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဆိုင်ရာ  ဖြစ်စဉ်များကဲ့သို့  ထပ်မံမဖြစ်ပေါ်စေရေးအတွက် ခိုင်လုံမှန်ကန်သည့် မဲစာရင်းများ     ရရှိရန်လိုကြောင်း၊      ထို့ကြောင့် လာမည့်   အောက်တိုဘာလတွင်  ဆောင်ရွက်မည့်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်းများကို        အောင်မြင်စွာ ပြီးမြောက်စေရေး  အားလုံးကဝိုင်းဝန်းဆောင်ရွက်  ပေးကြရန်လိုကြောင်း၊    ရွေးကောက်ပွဲကို       နိုင်ငံ တစ်ဝန်းတွင်ရှိသည့်   တိုင်းဒေသကြီးနှင့်  ပြည်နယ် များအလိုက်    ကျယ်ပြန့်စွာ   ဆောင်ရွက်နိုင်မှသာ ပြည်ထောင်စုအစိုးရ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သက်ဆိုင်ရာလွှတ်တော်များ၊ အစိုးရများပေါ်ပေါက် လာမည်ဖြစ်ကြောင်း၊  ထိုကဲ့သို့   ပေါ်ပေါက်လာစေ ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရွေးကောက်ပွဲကျင်းပနိုင်မည့် တည်ငြိမ်အေးချမ်းမှု ရှိသည့်     အနေအထားဖြစ်ပေါ်အောင်     တည်ငြိမ် အေးချမ်းရေး၊   တရားဥပဒေစိုးမိုးရေးနှင့်    လုံခြုံရေး ဆိုင်ရာကိစ္စများကို ပိုမိုတိုးတက် ကောင်းမွန်အောင်  ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊           ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် လုံလောက် သည့်အချိန်ရယူဆောင်ရွက်ရန် လိုအပ်သည်ဟူသည့်  အမျိုးသားကာကွယ်ရေးနှင့်       လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၏   အဆိုပြုချက်များကို   မိမိအနေဖြင့် သဘောတူပါကြောင်း။
တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း  နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ အရ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်မံ သက်တမ်းတိုးမြှင့်ရန်        သဘောတူညီဆုံးဖြတ်ပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေ အနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၄ ရက် မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း”  ကို   ကြေညာအပ်ပါကြောင်း   ပြောကြားပြီး   ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)  ကို ရုပ်သိမ်းလိုက်ကြောင်း  သတင်းရရှိသည်။
သတင်းစဉ်